UNICODE
ပုံမှန်အားဖြင့်ကြည့်ရင် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နဲ့
တိတ်ဆိတ်တဲ့ညပါပဲ။ ဒါပေမဲ့ သူ့စိတ်တွေကအစိုးမရအောင် လှုပ်ရှားနေတယ်။ ငါးနှစ်ကြာမှပြန်တွေ့ရမှာကြောင့်လား သူ့လုပ်ရပ်တွေကြောင့်လား?
နှစ်ခုလုံးဖြစ်ပါလိမ့်မယ်။ခဏကြာတော့ သူလှမ်းကြည့်နေရတဲ့ အခန်းငယ်လေးက
မီးရောင်တွေပိတ်သွားတယ်။ သိပ်တောင်မကြာလိုက်ပါဘူး ခြေလှမ်းသွတ်သွတ်နဲ့ ထွက်လာတဲ့Taehyungကိုလှမ်းမြင်ရတယ်။ ငါးနှစ်အတွင်းမှာထူးထူးခြားခြားပြောင်းလဲမသွားတာ သူ့ရဲ့ပိန်သေးသေးခန္ဓာကိုယ်လေးနဲ့ အရပ်ပဲရှိပါလိမ့်မယ်။ ဆံပင်အရောင်ကစလို့ ဝတ်စားဆင်ယင်မှုတွေကအဆုံး သူသိတဲ့ Taehyungမဟုတ်တော့ဘူး။သူကိုယ်တိုင်မသိလိုက်ခင်မှာပဲ သူ့ခြေလှမ်းတွေကTaehyungဆီကိုဦးတည်ခဲ့ပြီးနေပြီ။ နောက်ပြီး သူ့နာမည်ကိုလဲလှမ်းခေါ်ပြီးနေခဲ့ပြီ။
"Taehyung ah..."
ဩရှရှနဲ့သူ့အသံဘက်ကိုလှည့်ကြည့်လာတဲ့ Taehyungရဲ့
မျက်ဝန်းတွေမှာ အံ့ဩမှုတွေလဲပါသလို စိတ်ပျက်ခြင်းရဲ့အရိပ်တွေပါသူဖတ်မိတယ်။ Taehyungကိုသူ့နာမည်ကိုပြန်မခေါ်ခဲ့သလို ဘာစကားတစ်ခွန်းမှလဲမပြောခဲ့ပါ။"မတွေ့တာကြာပြီနော်"
သူ့ဘက်ကစကားစတော့ Taehyungက ဟက်ခနဲ တစ်ချက်ရီတယ်။
"ဟုတ်လား Jeon Jungkook"
သူ့ဘက်ကဘာဆက်ပြောရမလဲမသိအောင် Taehyungဘက်က စိမ်းသက်လွန်းနေခဲ့တယ်။
"နှုတ်ဆက်ဖို့လာတာဆိုလဲ ပြီးရင်ထွက်သွားလိုက်တော့လေ"
"ငါမင်းကိုပြောစရာတွေအများကြီးရှိသေးတယ်"
"ငါကတော့ဘာမှမရှိဘူး "
"မင်းအရမ်းပြောင်းလဲသွားတယ်Taehyung"
"ဟုတ်လား မင်းကတော့ဘာမှမပြောင်းလဲဘူး
Jeon Jungkook! အလုပ်မရှိရင်လဲလိုက်နှောက်ယှက်မနေပဲ ဒီတိုင်းထွက်သွားလိုက်စမ်းပါ! ထွက်သွားရတဲ့အလုပ်ကို
မင်းသဘောကျတာပဲမလား?""အဲ့လိုမဟုတ်...."
စကားမဆုံးခင်မှာပဲ သူတို့ရှေ့ကိုရပ်လာတဲ့ အနက်ရောင်ကားပေါ် Taehyungကတက်သွားလိုက်တယ်။
ဘေးခုံက ယောက်ျားက Taehyungကိုခါးပတ်ပတိပေးပြီး
ရှည်နေတဲ့ဆံပင်တွေကိုတယုတယသပ်ပေးနေတယ် ။
ပြီးတော့ အဲ့ယောက်ျားက Jungkookကိုကြည့်ပြီး ကားကိုမောင်းထွက်သွားတယ်။
