"ဟေးး Park Minjun !!!! "
ကျယ်လွန်းလှတဲ့ Jungkookအသံကြောင့် ခေါင်းတငုံ့ငုံ့နဲ့သွားနေတဲ့ Minjunက လှည့်ကြည့်လာတယ်။Jungkookကိုတွေ့တော့ Minjunက ခေါင်းငုံ့ပြပြီးနှုတ်ဆက်တယ်။ သူကလဲ Taehyungလိုပဲ မျက်မှန်နဲ့ …ဆိုပေမဲ့ သူက အလှတပ်တာလို့ပဲပြောရမှာပေါ့။
" မနေ့က ဘာလို့ Taehyungကိုစောင့်မသွားတာလဲ ပြောတော့ မင်းပဲ သူနဲ့ခင်ချင်လွန်းလို့ပါဆို "
"အဲ့တာ…"
"ငါကတော့ကွာ သူ့ဘီးကြီးကို အားရပါးရဖောက်ပေးထားရတာ ပြီးတော့ မင်းကမရှိတော့ဘူး"
"တောင်းပန်ပါတယ် အမေက အရေးပေါ် …ဆေးရုံတင်လိုက်ရလို့…"
"အာ…အဲ့လိုလား ရပါတယ် အမေရော သက်သာရဲ့လား"
ကဲ ဒီလိုဆိုတော့လဲ သူ့ကိုအပြစ်ဖို့လို့မရပြန်ဘူးပေါ့။ Park Minjunကတော့ Taehyungနဲ့စာသင်ခန်းတစ်ခန်းထဲ စာဂျပိုးယောင်ယောင်ဘာယောင်ယောင်ကောင်ပေါ့လေ။
ဟိုနေ့က Jungkookဆီလာပြီး Taehyungနဲ့ခင်ချင်လွန်းလို့ပါ ကူညီပေးပါ ဘာညာနဲ့ ဒူးမထောက်ရုံတမယ်အတင်းတွေပြောတော့ ကိုယ်တော်ချော စိတ်ကောင်းစေတနာရှင်လေးကလဲ ကူညီပေးရသပေါ့။ Taehyngလဲ အတန်းဖော် သူငယ်ချင်းလေးတစ်ယောက်တော့ရှိသင့်ပါတယ်။သူနဲ့က အတန်းကအတူတော့ အချိန်တိုင်းရှိပေးမနေနိုင်။ Park Minjunနဲ့ခင်နေရင်တော့ အနည်းဆုံး Taehyungကို ဘယ်ကောင်တွေ အနိုင်ကျင့်လဲ ဆိုတာ သေချာမေးပြီး ဆော်လို့ရသေးတာပေါ့။
"ဒါဆို ကူညီပါဦး "
"အင်းအင်း "
ခေါင်းကိုငုံ့ခါးကိုကိုင်းပြီး သေချာနှုတ်ဆက်သွားတဲ့ Minjunကိုကြည့်ပြီး သူ့စိတ်ထဲနည်းနည်းတော့နေရခက်သား။ ဘာလို့ အဲ့လောက်တောင် ခင်ချင်နေရတာလဲမသိ။
ပုခုံးနှစ်ဖက်တွန့်ရင်း ခပ်ပေါ့ပေါ့ပဲနေလိုက်တော့တယ်။ စိတ်ထဲဘာညာဘာညာထားနေလဲ ကိုယ့်အတွက်သူ့အတွက် နှစ်ဦးနှစ်ဖက်ကောင်းတာမှမဟုတ်တာ။ Taehyungကို ဘာမှ ဒုက္ခမပေးရင်တော့ ကောင်းကောင်းအသက်ရှင်ရမှာပေါ့ ဒါပါပဲ။
ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ကိုထိုးထည့်ပြီး စတိုင်ကျကျ ဝင်မယ်အလုပ် အိတ်ထဲကလုံးကြေနေတဲ့တစ်ခုကိုစမ်းမိလိုက်သေး။ မနေ့က Taehyungရေးပေးထားတဲ့ ရည်းစားစာ!! ကြည့်စမ်း!! မေ့တတ်လိုက်တာ။ ဟို ကောင်မလေးကို ပေးရမဲ့ဟာကို …
