ရုတ်တရက် အိပ်မက်ကနေလန့်နိုးလာခဲ့သည်၊
ဘယ်လို အိပ်မက်လဲ။
ဘေးနားက ရေဘူးကိုလှမ်းယူပြီး အကုန်သောက်လိုက်သည်။ ဒါတောင် နှလုံးခုန်သံတွေကမြန်နေသေးသည်။ ဖွင့်ပြောမည့်ကိစ္စကိုစိတ်စွဲသွားတာဖြစ်မည်၊
ဟုတ်တယ်၊ Jungkook ကိုဖွင့်ပြောဖို့ ဆုံးဖြတ်ပြီးပြီ၊ထပ်ပြီး မြိုသိပ်ထားဖို့ တော်တော်ခက်ခဲနေပြီ
မနက်ဖြန် စာမေးပွဲကြီးပြီးတာနဲ့ ဖွင့်ပြောမယ် ၊
စဉ်းစားလိုက်ကာမှ နှလုံးခုန်သံက နှစ်ဆပိုမြန်လာသည်၊ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းအဖြစ် ဘေးကနေ
နေရတာ စိတ်မလုံတော့၊ ကြိုက်သမျှ ကောင်မလေးတိုင်းအတွက် ရည်းစားစာရေးပေးပြီး တစ်ညလုံးကြိတ်ငိုရတဲ့ နေ့တွေထက်စာရင် ဖွင့်ပြောပြီး
ဝေးကွာသွားကြတာ ခဏပဲခံစားရမယ်ထင်တယ်၊
အငြင်းခံရမှာသေချာသိနေတဲ့အတွက် ငါ့ကိုပြန်ချစ်ပေးနိုင်မလား တောင်းဆိုဖို့လဲစိတ်ကူးမရှိ၊
ဝေးခဲ့ကြရင်တောင် ချစ်မိနေတာ သိစေချင်ရုံ။___________________________
လက်ဖျားခြေဖျားတွေက တိုးဝေ့လာတဲ့လေတွေ
ထက်ပိုအေးစက်နေခဲ့တယ်။
နှလုံးခုန်သံတွေကြောင့် မောတက်လာတဲ့စိတ်တွေ
ပြေလျော့စေရန်အလို့ငှာ လေပူပူတွေကို မှုတ်ထုတ်ရင်း သက်ပြင်းခဏခဏချရတယ်။
ဖွင့်ပြောပြီးသွားရင်......
ဖွင့်ပြောပြီးခဲ့ရင် တကယ်ပဲ ဝေးရတော့မယ်။တင်းကြပ်နေအောင်ဆုပ်ထားမိတဲ့လက်တွေ
ပြေလျော့ကုန်ပြီး နှလုံးခုန်သံတွေလဲနှေးလာတယ်။
ခဏခဏထုတ်ပစ်နေရတဲ့ လေပူတွေကနေ
မျက်ရည်ပူတွေဖြစ်လာပြန်ရော။ဆုံးဖြတ်ထားပြီးသား ကိစ္စတစ်ခုပဲလေ၊
အသက်ကို ဝအောင်ပြန်ရှူ ပြီး မျက်ရည်တွေပြန်သုတ်ပစ်ရတယ်၊ သိပ်မကြာပါဘူး လှေကားပေါ်ကိုပြေးတက်လာတဲ့ ခြေသံနဲ့အတူ ပြေလျော့နေတဲ့ ကြယ်သီးတွေကိုပါ ထပ်ဖြုတ်ပစ်ပြီး အမောဖြေနေတဲ့သူ၊
ရာသီဥတုက ဒီနေ့အေးပါတယ်ဆိုလဲ သူဆိုသည်က
ဂရုမစိုက်တတ်၊
နောက်ဆို သူဖျားလဲ ဘေးမှာရှိပေးနိုင်မှာမဟုတ်ဘူး"ဟား မောလိုက်တာ Taehyung ရာ ခေါင်မိုးထပ်ကြီးကိုဘာပြောမလို့ခေါ်တာလဲ "
![](https://img.wattpad.com/cover/179204349-288-k795537.jpg)