အခန်း ၅ ( Look At me now)

13.6K 1.8K 60
                                    

အညိုရင့်ရောင် ဆံပင် အချို့ကို ရှေ့ချလို့ ဘေးခွဲလိုက် ထောင်လိုက်လှဲလိုက်နဲ့ မှန်ရှေ့တွင် အလုပ်ရှုပ်နေသည်က မနက်6နာရီထဲကနေ 8နာရီခွဲထိ။ မနေ့က မားဝယ်ပေးလာတဲ့ မျက်မှန် အဝိုင်းလေးကို ကောက်တပ်လိုက်တော့ ခါတိုင်းနဲ့မတူပဲ ပိုကြည့်ကောင်းလာသလိုလိုပါပဲ။ လေးထောင့်မျက်မှန်ထူထူနဲ့စာရင် ဒါက နဲနဲပါးတယ်လို့တယ်ရတယ်မလား။

ဘယ်လိုပဲပြောင်းပြောင်းနောက်ဆုံးတော့ ရှေ့ကိုခပ်အုပ်အုပ်ချလိုက်တာပါပဲ။ ကျောင်းဝတ်စုံအသစ်နဲ့မို့စိတ်လှုပ်ရှားနေပေမဲ့ ပိုပြီးစိတ်လှုပ်ရှားနေရတာက အခြားအကြောင်း။
လက်ကနာရီကို ကြည့်လိုက် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်လုပ်ရတာလဲ အခါပေါင်းမနည်း။

"ဒီတိုင်းပဲ သွားလိုက်ရတော့မလား…"

မဖြစ်သေးပါဘူး။ စက်ဘီးပျက်နေလို့ဆိုပြီးပြောထားတာ အလိမ်တွေပေါ်ကုန်လိမ့်မယ်။

"ဟူးးးးး ဘာလို့မလာသေးတာလဲ"

ကျောင်းက နဲနဲဝေးတာမို့ 8ခွဲသွားမှ 9နာရီ အတိလောက်ရောက်မည်လေ။ဒီအချိန်ထိမလာသေးရင် မမှီတော့မှာစိတ်ပူရသည်။

ကျွီ ခနဲ ရပ်လိုက်တဲ့စက်ဘီးသံကြားတော့မှ Taehyung ကမန်းကတန်း အိပ်ယာပေါ်က လွယ်အိတ်ကို ဆွဲယူရင်းထွက်ဖို့ပြင်လိုက်သည်။

"အာ.မေ့တော့မလို့…"

မွေးနေ့လက်ဆောင်ရထားတဲ့ စတော်ဘယ်ရီရေမွှေးလေးကို လည်ပင်းနားတဝိုက်ခပ်ဖွဖွ ဆွတ်လိုက်သည့်နောက် ပြင်ဆင်ခြင်းကိစ္စပြီးဆုံးလေသည်။

"Taehyungie ထမင်းမစားဆော့ဘူးလား…"

"မစားတော့ဘူး မား သားနောက်ကျနေပြီ "

အိမ်ရှေ့သို့အပြေးထွက်လာလိုက်တာနဲ့ စက်ဘီးကို ခြေတစ်ဖက်နဲ့ထောက်ရင်းရပ်စောင့်နေတဲ့ Jungkookကိုတွေ့လိုက်ရသည်။

"ဘာလို့နောက်ကျနေတာလဲ"

"ဒီလိုပဲ ကိစ္စလေးရှိလို့ပေါ့ကွာ"

Jungkookကပြောရင်းဆိုရင်း စက်ဘီးကိုထောက်ချရပ်လိုက်ပြီး ထိုင်ချလိုက်တာကြောင့် Taehyungအော်မိပြန်သည်။

My Best FriendWhere stories live. Discover now