အခန်း (၂၃) Final

13.6K 1.1K 117
                                    

               Unicode

" Anna Brown"

Noti barမှာပေါ်လာတဲ့ အဝင်Mailကို Taehyungကတစ်ချက်နှိပ်ပြီးသွားစစ်လိုက်သည်။

" Anna Brown to me: "

Assignment အတွက် Ratingနှင့်အတူ မှတ်ချက်ကိုပါ တစ်ဆက်ထဲပို့ပေးထားသည်။
Assignmentဖြစ်စေ၊ Tutorial ဖြစ်စေ၊ မှတ်ချက်ပေးရသည်ကို မစ်စ်အန်နာက သဘောကျသည်။

Rating -8.5/10

"မဆိုးဘူးပဲ.."

Taehyungကတိုးတိတ်စွာရေရွတ်ပြီး သူ့ရဲ့ Notebookထဲကိုချမှတ်ထားလိုက်သည်။
မှတ်ချက်ကိုဆက်ဖတ်လိုက်တော့ တော်တော်အဆင်ပြေတဲ့မှတ်ချက်ကိုရထားသည်။

"သပ်ရပ်၊ Creationကောင်း၊Theme is so dope"

Taehyungက Mailကနေထွက်ပြီး Testအတွက်ပြင်ဆင်ဖို့လုပ်လိုက်တုန်းမှာ နောက်အဝင်Mailတစ်ခုပါရောက်လာလေသည်။

" Asher Ju "

အက်စ်ရှာရဲ့Mailကိုမြင်တော့ Taehyungဖတ်ဖို့အနည်းငယ်တော့တွေဝေသွားသည်။ ဒါပေမဲ့ သေချာပေါက်တော့ဖတ်ရမယ်မလား။

"Asher Ju to me; "

မွေးနေ့ဖိတ်စာတစ်စောင်ပုံနှင့်စာတချို့ပို့ထားခြင်း။

"သေချာပေါက်လာခဲ့နော်။ကေစီရဲ့မွေးနေ့မှာ မင်းကိုလဲရှိနေစေချင်လို့ပါ။ "

သေချာပေါက်မသွားလို့မဖြစ်ဘူးပေါ့။ Dateကလဲ Testနဲ့အဝေးကြီးမလို့ သေချာပေါက်သွားမှဖြစ်မဲ့ပွဲဖြစ်နေသည်။

"သူနဲ့မတွေ့တာကြာပြီဆိုတော့ ဒီမှာမရှိလောက်ပါဘူး..."

Taehyung ခပ်တိုးတိုးရေရွတ်ရင်းအနည်းငယ်တော့ တုံ့ဆိုင်းသွားတယ်။

"ရှိခဲ့ရင်တောင်...."

ရှိခဲ့ရင်တောင်ဘာဖြစ်လဲ? သူလဲမသိတော့။ သက်ပြင်းအရှည်ကြီးကိုသာချမိတော့သည်။

"သေချာပေါက်လာခဲ့နော်။နောက်ထပ်အခွင့်အရေးကိုလက်လွှတ်ရင်သေချာပေါက်အရူးပဲ။"

Jungkookက ဖန်သားပြင်ပေါ်က စာကြောင်းကိုအကြာကြီးစိုက်ကြည့်နေမိသည်။ သူ့နှလုံးခုန်သံတွေက ပုံမှန်နေ့ရက်တွေထက်ပိုမြန်နေသည်။
​ဒုတိယမြောက်စာကြောင်း... ဘာကိုဆိုလိုမှန်းသူသေချာပေါက် သဘောပေါက်ပါသည်။
အများကြီးရှင်းပြနေစရာမလိုပဲ။

My Best FriendWhere stories live. Discover now