နောက်ဆုံးတော့သူ့ကိုလက်ထပ်နိုင်ခဲ့ပြီ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အမြဲစိတ်ပူနေရတဲ့နေ့ရက်ဟာရောက်လာခဲ့ပြီ။
နှစ်ဖက်မိဘကို လက်ထပ်ခွင့်တရားဝင်တောင်းတဲ့နေ့။
Taehyungဟာ လက်နှစ်ကိုဆုပ်ထွေးရင်းခေါင်းကိုငုံ့ထားသည်။ သူ့လက်တွေပေါ်မှာတော့ Jungkookလက်များက အုပ်မိုးပြီးဆုပ်ထွေးပေးထားလျက်သား။
"မေမေ သား Taehyungနဲ့လက်ထပ်မှာ"
ခွင့်တောင်းခြင်းမဟုတ်ပဲ အသိပေးခြင်းဆန်တဲ့Jungkookရဲ့စကားကြောင့် Taehyungပင်ကြောင်အစွာ မော့ကြည့်မိလိုက်သည်။ Jungkookရဲ့အကိုဖြစ်သူကတော့ဘာမှဝင်ပြောခြင်းမရှိပဲ ဘေးကအမေဖြစ်သူရဲ့မျက်နှာရိပ်မျက်နှာကဲကိုသာအကဲခတ်လျက်ရှိသည်။
အမေဖြစ်သူက အင်းလဲမပြော အဲလဲမပြော၊ မျက်နှာမှာလဲ ဘာအမူအယာမှရှိမနေပါချေ၊ ရုတ်တရက်ထိုင်နေရာမှထသွားပြီးအခန်းထဲသို့ဝင်သွားသည်။
"သွားပါပြီ..."
Taehyungကတိုးတိုးရေရွတ်ရင်း Jungkookလက်မောင်းကိုသူ့ပုခုံးနှင့်တွန်းလိုက်သည်။
"ဘာလို့အဲ့လိုကြီးပြောလိုက်ရတာလဲ .."
အကိုဖြစ်သူ Jungshinကလဲ Jungkookကိုမျက်စောင်းထိုးရင်း
"အချိုးမပြေဘူးနော် မင်း.. အမေလဲလက်ခံဖို့နဲနဲခက်နေဦးမှာပေါ့ ၊ငါ့အရင်လဲ အိမ်ထောင်ပြုသေးတယ် မင်းကတော့လေ.."
"ခွင့်တောင်းလို့ခွင့်ပြုမပေးရင် ဘယ်လိုလုပ်မလဲ? ကျနော်က Taehyungမှမဟုတ်ရင် လက်မထပ်နိုင်ဘူး ဘာပဲဖြစ်ဖြစ် လက်ထပ်မှာ"
Taehyungရဲ့နားနှစ်ဖက်က နီရဲလို့သွားပြီး ခေါင်းကိုတဖန်ပြန်ငုံ့ထားပြန်သည်။ Jungshinကတော့ မျက်စိရှေ့ကအတွဲအား သက်ပြင်းသာချနိုင်တော့သည်။
