အခန်း(၁၃)

11.9K 1.4K 33
                                    

Unicode Version

ဖုန်းဖွင့်တိုင်း Kakatalkကိုပဲကြည့်မိနေသည်၊
Replyမလာသေးတဲ့ Conversationက စိတ်ဆိုးမပြေနိုင်သေးကြောင်းသက်သေပင်၊ဖုန်းဆက်လို့လဲမကိုင်
စိတ်ဆိုးနေသည်မှာ နှစ်လပင်ပြည့်တော့မည်
သက်ပြင်းအရှည်ကြီးကိုချပြီး ခေါင်းအိပ်နဲ့မျက်နှာ ကပ်နေအောင်အိပ်ယာပေါ်ပစ်လှဲချလိုက်မိသည်၊

ဒီကိစ္စနဲ့ပတ်သတ်လို့Taehyungအပေါ်ထားတဲ့စိတ်က
ပြောင်းလဲသွားခြင်းမရှိ၊ နဂိုအတိုင်း ချစ်ဆဲမြတ်နိုးဆဲ
တွယ်တာဆဲပင်၊ Taehyungရဲ့စိတ်တိမ်းညွှတ်ခြင်းက
သူ့အတွက်အရေးမပါ Taehyungကသာသူ့အတွက်အရေးပါသည် ၊

ဒါပေမဲ့ ဒီပတ်ဝန်းကျင်မှာ ဒီကိစ္စကိုအပြင်းအထန်ကန့်ကွက်နေကြဆဲမဟုတ်ပါလား၊ Taehyungကစိတ်နုသည် ခံစားလွယ်သည် ဒီကိစ္စတွေနဲ့ကြုံလာခဲ့ရင်
တစ်ခုခုဖြစ်သွားမှာကို အစိုးရိမ်ဆုံးပင်၊
Taehyungကိုစိတ်ဆင်းရဲအောင်လုပ်မဲ့သူမှန်သမျှ
ဆုံးမဖို့ မိမိမွေးဖွားလာခြင်းဟုခံယူထားသည်၊

Taehyungကိုသူငယ်ချင်းဆိုတာထက်အများကြီးပိုပါသည်၊ ညီအကိုတစ်ယောက်လို ချစ်မြတ်နိုးပြီးတွယ်တာသည်၊ ညီအကိုဆိုတဲ့နေရာမှာ အိမ်ကအကိုနဲ့Taehyungကိုလဲလို့ရလျင်လဲသာပစ်လိုက်ချင်သည်၊

အိပ်ယာကိုခြေထောက်နှင့်တဒုံးဒုံးလုပ်မိသောကြောင့်
မွေးသမိခင်ကျေးဇူးက အခန်းတခါးကိုဖွင့်က ဆူပူလေတော့၏၊

"ဟဲ့ အိမ်အပေါ်ထပ်မှာနေပြီး တဒုံးဒုံးလုပ်မနေနဲ့
အောက်မှာအန်တီတို့ရောက်နေတာ အားနာစရာ"

အန်တီတို့? Taehyungအမေများလား?Taehyungရောပါလား?

စိတ်ထက်လူကမြန်နေတော့ အိမ်အောက်ထပ်သို့
ဘယ်လိုရောက်လာမှန်းပင်မသိလိုက်၊
Taehyungအမေမှန်ပေမဲ့ Taehyungတော့မပါ

"အာ အန်တီနဲ့ညီမလေး ရောက်နေတာပဲ Taehyugရောအန်တီ?"

"အဲ့ကလေးက ခေါ်မရပါဘူးကွယ် စာမေးပွဲပြီးတည်းက
အကျင့်တွေပျက်လာတာ  ညနက်မှပြန်လာတယ်
ပြန်ရောက်လဲမအိပ်ဘူး ဖုန်းတွေပြောတယ် ဂိမ်းတွေဆော့တယ် မနက်ဆို နေမြင့်မှထတယ်"

My Best FriendWhere stories live. Discover now