အခန်း၁၇

11.3K 1.3K 52
                                    

Unicode

"ထွက်သွား"

"ငါပြောတာလေးကိုတော့နားထောင်ပေးပါ"

"မင်းကိုပြောစရာမရှိဘူးလို့ပြောနေတယ်မလား"

Clubရဲ့နောက်ဖေးချောင်ဘက်မှာ လူသုံးယောက်။
ကျန်တဲ့တစ်ယောက်က သူ့အရေးသူ့အရာမဟုတ်ပဲ
ဘာလို့ပါလာတာလဲ?

"ဒီမှာ ခင်ဗျားနဲ့ Taehyungက ဘယ်လိုပဲပတ်သတ်ပတ်သတ် အခုကျနော် စကားပြောချင်တာ Taehyungကို ခင်ဗျားကိုမဟုတ်ဘူး"

"ဒီမှာ Taehyungနဲ့ပတ်သတ်တာမှန်သမျှ အစစအရာရာ ငါကတာဝန်ယူထားရတာမလို့ သူ့အရေးအရာအားလုံးက ငါသိခွင့်ရှိသလိုဝင်ပြောခွင့်လဲ
ရှိတယ်"

"ခင်ဗျားနဲ့ဘာတော်တော်စိတ်မဝင်စားဘူးလို့ပြောပြီးပြီလေ"

တင်းမာလာတဲ့အခြေအနေကြားမှာ Taehyungကပဲ
နေရခက်လာသည်။ စောနက ထွက်နေတဲ့ဒေါသတွေကနေ အားနာမှုတွေလိုဖြစ်လာတာမို့ ဘာဆက်လုပ်ရမလဲမသိ။ နှစ်ယောက်ကြားမှာနေရတာ အရမ်းအေးစက်စက်နိုင်လွန်းသည်။

"အကို.. ခဏဖယ်ပေးလိုက်ပါ ကျနော် ကြည့်ရှင်းလိုက်ပါမယ် "

Taehyungစကားကြောင့် မကျေနပ်ပေမဲ့ လှည့်ထွက်သွားပေးရတဲ့သူရဲ့ပုံစံကိုကြည့်ရင်းJungkookအကျေနပ်ကြီးကျေနပ်နေမိသည်။

"ခဏပဲရမယ် ဘာလဲပြော"

"ဒီနားမှာပြောမှာလား ကော်ဖီဆိုင်သွားပြီးအေးဆေး"

"ဒီမှာ တကယ်ဆို မင်းနဲ့ ဘာမှပြောစရာမရှိဘူး"

"ဘာလို့မရှိရမှာလဲ ? မင်းခံစားချက်တွေကိုဘာလို့လိမ်ချင်နေသေးတာလဲ"

Taehyungအံ့ဩရုံမျှသာတတ်နိုင်တော့သည်။

"ဟား"

သူ့ကိုတအံ့တဩကြည့်ရင်း ခပ်လေးလေးရယ်လိုက်တဲ့Taehyungကြောင့် Jungkookသိမ်ငယ်မိသလို။

"မင်းမှာ အရှက်ရောရှိလား? မဟုတ်သေးဘူး အရှက်မရှိတာကငါပါ အသိစိတ်မရှိတာ မင်း

ငါကအရှက်မရှိ မင်းလိုကောင်ကို အမြဲတွယ်ကပ်နေခဲ့မိတာ တွယ်ကပ်နေခဲ့ချင်တာ မင်းထွက်သွားတာတောင်...."

My Best FriendWhere stories live. Discover now