အခန်း၆ ( Another One)

13.1K 1.8K 90
                                    

Jungkook ကန်တင်းမှာရှိသည်ဟု ကြားသည်နှင့် Taehyung ကန်တင်းဘက်သို့ခြေဦးလှည့်ဖြစ်သည်။ အရင်ကဆိုလျှင် တစ်ရက်တောင်အကူးမခံပဲ အရင်ချော့တဲ့ Jungkookက အခုဆို တစ်ပတ်ကျော်သည်ထိဘာအဆက်အသွယ်မှမလုပ်။

နေ့လည်စာသို့အာရုံမရောက်နိုင် ။ အဝန်းကျယ်ထဲမှ အပ်ပျောက်သလိုသာ ပတ်စိတ်တိုက်ရှာနေမိသည်။
ဘယ်သူကစမှားမှား အမြဲစချော့တတ်တဲ့သူ့ကို ဒီတစ်ခါတော့ ပြန်ချော့သင့်ပါသည်လေ။မိမိဘက်ကလဲ ဘလိုင်းကြီး ပြောလိုက်သလိုဖြစ်တာကြောင့် အားနာတာရော ရှက်တာပါ မာနနည်းနည်းရောပြီး တစ်ပတ်ကျော်သည်ထိကြာသွားပေမဲ့ ကြားထဲက တစ်ရက်မှသူ့ရင်ထဲအဆင်မပြေ။ အမြဲပူလောင်ပြီး အဓိပ္ပါယ်မဲ့နေခဲ့ကြောင်းကို Jungkookကိုသေချာပြောပြပြီး တောင်းပန်ရမယ်။

မျက်စိဝေ့ရှာနေရင်း အနောက်မှ မိန်းကလေးတစ်ယောက်ရဲ့ရယ်သံခပ်သဲ့သဲ့နဲ့အတူ အလွန်ရင်းနှီးလွန်းတဲ့သူ့ရဲ့ရယ်သံခပ်လွင်လွင်ပါကြားလိုက်ရသည်။ အသေအချာ တပ်အပ်သိနေသော်ငြား လှည့်မကြည့်မိအောင်ဘယ်လိုမှပင်တားဆီး၍မရ။

Taehyungကိုမြင်သော်ငြားတစ်ချက်မျဗသာအကြည့်ပို့ပြီး အပြုံးဝေနေသော အကြည့်တို့နဲ့ ထိုမိန်းမလှဆီဦးတည်သွားပြန်သည်။

Taehyungက Jungkookဆီ ဦးတည်သွားကာ လက်ကိုလှမ်းဆွဲထားလိုက်၏။

"Jungkook ငါပြောစရာရှိ.."

"သြော် Taehyung...အင်း ပြောစရာရှိရင် အတန်းပြီးမှ"

Taehyungဆွဲထားသည့် ပုခုံးပေါ်မှလက်ကို ရုန်းရင်း Taehyungကိုကျောခိုင်းသွားသည်။

(သူကအခု ငါ့ကို လျစ်လျူရှူလိုက်တာလား?).

ကောင်းပြီလေ Jungkook ကောင်းပြီ ဒါမင်းဆန္ဒပဲ

Taehyungက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပြေးထွက်လာခဲ့သည်။ မြင်သမျှအရာတွေဟာလဲ မျက်ရည်တွေကြောင့်မို့ ဝိုးတိုးဝါးတား။တစ်ခန်းပြီး တစ်ခန်း ဖြတ်ကျော်ရင်း နောကိဆုံး ဘေယလုံးကွငကျယ်ထဲရောက်မှ ပစ်ချထိုင်လိုက်မိတော့သည်။

တစ်စက်စက်တုန်နေတဲ့လက်နဲ့ မျက်နှာကိုအုပ်ရင်း အသားကုန်အော်ထုတ်ပစ်လိုက်သည်။
ပြောရရင် ဒါသူ့အမှားပဲ။ဟုတ်တယ် သူသာ မာနခံမနေခဲ့ရင် သူသာ အရင်စခေါ်ခဲ့ရင် Jungkookသူ့ကိုဒီလိုလုပ်မှာမဟုတ်။

My Best FriendWhere stories live. Discover now