Unicode
ဝေဝေဝါးဝါးနဲ့စမြင်ရတဲ့မြင်ကွင်းက အဖြူရောင်မျက်နှာကျက်ပဲ။
ရုပ်ရှင်တွေထဲကလို ဘယ်ရောက်နေလဲမေးစရာလိုမယ်လို့Taehyungမထင်ဘူး။
သူဒီကိုဘယ်လိုရောက်လာတာလဲပဲမေးခွန်းထုတ်ရလိမ့်မယ်။ဘေးကဆေးပုလင်းကိုမြင်မှ သူ့လက်မှာပိုက်တန်းလန်းဖြစ်နေမယ်ဆိုတာသတိရတယ်။
အခန်းထဲမှာလဲတစ်ယောက်မှမရှိတဲ့အတွက် Taehyungကအားသုံးပြီးထမနေတော့ပဲ ကုတင်ပေါ်မှာငြိမ်ငြိမ်လေးလှဲနေလိုက်တယ်။သူဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ထွေထွေထူးထူးစဉ်းစားနေစရာမရှိဘူး။ သူ့လက်ကောက်ဝတ်ကိုဓားနဲ့ အစိတ်စိတ်အမွှာမွှာမွှန်းပစ်ခဲ့တာပဲ။ အခုချိန်ထိ အသက်ရှူနေသေးတာတော့ ကြိုတွက်မထားမိတဲ့ကံဆိုးမှုတစ်ခုပဲ။
ခဏနေတော့ တံခါးကိုဆွဲဖွင့်တဲ့အသံကိုကြားရလိုက်ရတယ်။ သူမတွေ့ချင်တဲ့လူမဟုတ်ပါစေနဲ့လို့ပဲ အကြိမ်ကြိမ်ဆုတောင်းနေမိတယ်။ဒီတခါတော့သူဆုတောင်းပြည့်ခဲ့တယ်။
"ယောင်း..ယောင်းလေး နိုးလာပြီလား"
"အကို? အကိုက ဘယ်လိုလုပ်..."
အကိုက ခပ်ဖွဖွနင်းလာတဲ့ခြေထောက်တွေကိုချက်ချင်းပဲ ခပ်သွက်သွက်ဖြစ်အောင်လျောက်ပြီး Taehyungဆီကိုဦးတည်လာတယ်။ Taehyungရဲ့လက်တွေကိုကြည့်ပြီး အကိုက မျက်ရည်တွေဝဲတက်လာတာမို့ Taehyungနဲနဲတော့ကြောင်အမ်းအမ်းဖြစ်သွားတယ်။ အကိုက သူ့အပေါ်ဘယ်လောက်ပဲနူးညံ့နူးညံ့ ငိုတတ်တဲ့သူမဟုတ်တာ Taehyungသိတယ်။ ဒါပေမဲ့ အခုအကိုကသူ့အတွက်ငိုနေတာတဲ့။
"ဘာလို့အဲ့လောက်ထိလုပ်ရတာလဲ ယောင်းလေးရယ်.."
အကိုက သူ့လက်ကောက်ဝတ်က ပတ်တီးဖြူဖြူတွေကိုခပ်ဖွဖွ ထိကိုင်ရင်း တုန်ရီနေတဲ့အသံနဲ့ပြောလာတယ်။
"ကျနော်လဲမသိတော့ဘူး..."
အကို့မျက်ဝန်းတွေထဲမှာဒေါသရိပ်အနည်းငယ်လေးတောင်ရှိမနေခဲ့ဘူး။ စိုးရိမ်မှုနဲ့ဝမ်းနည်းခြင်းတွေပဲ
ရှိတယ်။"ကျနော့်ကို အကိုခေါ်လာတာလား"
အကိုက အတန်ငယ်ငြိမ်သက်နေပြီးမှခေါင်းငြိမ့်ပြတယ်။ Taehyungစိတ်ထဲမှာ "တော်သေးတာပေါ့ "လို့တွေးမိတာတော့အမှန်ပဲ။ တခြားသူသာတွေ့ခဲ့တယ်ဆို အဲ့အစားသူသေသွားတာပဲကောင်းမယ်။
![](https://img.wattpad.com/cover/179204349-288-k795537.jpg)