အခန်း ၁၅

11.7K 1.6K 186
                                    

Unicode Ver ♡︎

လေယာဉ်ပေါ်ကနေဆင်းလာတာနဲ့ မစိမ်းသက်တဲ့
ပတ်ဝန်းကျင်အနံ့အသက်က ကြိုဆိုနေဆဲပဲ၊
ငါးနှစ်ကျော်ခဲ့ပြီ
တစ်စုံတစ်ယောက်ကရော မစိမ်းသက်ပဲကြိုဆိုနေနိုင်ပါ့မလား လို့ စိုးရိမ်မိတယ်၊
Jungkookieဆိုတဲ့ ဘုတ်လေးကိုမြင်နေရပေမဲ့
သူမက ချစ်စရာကောင်းစွာ လူတွေကြားမြှုပ်ဝင်နေတယ် ၊
သူ့ကိုမြင်တော့ သူမမျက်နှာလေးက ဝင်းပသွားပြီး လက်ရမ်းပြတယ် ၊

"ဒီဘက်လာ ဒီဘက်လာ"

အမူအရာနဲ့ခေါ်နေတဲ့ပုံက တကယ်ကလေးတစ်ယောက်လိုပါပဲ၊သူပဲရင့်ကျက်လာလေလို့လာတော့မသိ၊
သူမညွှန်ပြတဲ့ဘက်ကို ခြေလှမ်းသွက်သွက်နဲ့ပဲလျောက်သွားလိုက်တယ်၊

"အမလေး ကြည့်ပါဦး ထွားလာလိုက်တာ"

​သူမကသူ့ခေါင်းကိူခြေဖျားထောက်ပုတ်ပေးနေတာမို့
သူကအလိုက်သင့် ခေါင်းငုံ့ပေးလိုက်တယ်။

"အကိုရော? မပါဘူးလား?"

"အွန်း အလုပ်ရှိလို့တဲ့ "

"ဟုတ်ပါပြီ မေမေဘာစားပြီးပြီလဲ?"

"မစားရသေးဘူး သားငယ်ရော?"

"သားရောပဲ အိမ်ရောက်မှ မေမေ့ကင်မ်ချီဟင်းရည်နဲ့စားတော့မယ်လေ"

လမ်းတစ်လျောက်မှာ မှန်ပြတင်းပေါက်ကတဆင့်
ပတ်ဝန်းကျင်ကိုပဲငေးလာမိတယ်၊ အတွေးတွေလွင့်နေတာ
မေမေဘာပြောလဲမကြားမိအောင်ထိပေါ့၊

"သားငယ်.. "

အမေက ပုခုံးပုတ်တော့မှအသိပြန်ဝင်လာတယ်။

"အွန်း မေမေ ဘာပြောလိုက်တာလဲ?"

"ဪ သားမရှိတဲ့ ငါးနှစ်အတွင်း Koreaက အများကြီးတိုးတက်လာတယ်လို့"

"အွန်း ဟုတ်တယ်နော်"

စိတ်မပါတဲ့လေသံကိုမေမေကသိပ်အားရတဲ့ပုံမပေါ်ဘူး
သူ့ဘက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ ကားမောင်းတာက်ုအာရုံမစိူက်နိုင်ပဲဖြစ်နေတယ်၊

"သားငယ် မှိုင်နေတာပဲ အခုမှပြန်လာတာက်ု ဘာစိတ်ညစ်စရာရှိလို့လဲ ကောင်မလေးကိုလွမ်းနေတာလား?"

My Best FriendWhere stories live. Discover now