Unicode Ver
ဖြစ်ပျက်သွားသမျှကို မယုံကြည်နိုင်သေးသော်လဲ
နှုတ်ခမ်းပေါ်က အနွေးဓာတ်ကမပြယ်သေးလေတော့၊
လက်ဖျားတွေအေးစက်လာပြီး ရင်ထဲကလှိုက်ပြီးတုန်လာသည်၊ အသက်ရှူရာမှာပါ ခက်ခဲလာပြီး တောင့်တင်းနေတဲ့
ခန္ဓာကိုယ်ကြောင့်လှုပ်လို့လဲမရ၊
အသိစိတ်က နှုတ်ခမ်းကနေပြန်ခွာလာမှ အကြည့်တို့က
ပြန်လှုပ်ရှားလာသည်၊သူ့ရှေ့မှာ အောက်နှုတ်ခမ်းကိုဖိကိုက်နေရင်း
မျက်ဝန်းနက်တွေနဲ့ စိုက်ကြည့်နေတဲ့ သူ့အချစ်ရဆုံး
အမြတ်နိုးရဆုံး အတွယ်တာရဆုံး သူငယ်ချင်း
Taehyung။
လက်နှစ်ဖက်ကိုလဲ ဆုပ်နယ်ရင်း မဝံ့မရဲကြည့်နေသည်က
ရင်ထဲကိုပိုလှိုက်မောလာစေသည်၊"Tae..Taehyung..မင်း..."
ဒီစကားတွေမေးဖို့သူ့အာခေါင်တွေခြောက်လာတယ်၊
ဘယ်လိုမေးရမှာလဲ?မေးမထွက်။"အ..အွန်း!!"
Taehyungက ရင်ဘတ်ကိုကော့ရင်းမျက်လုံးပြူးနဲ့
ထအော်လိုက်တယ်။ သူက ဘာကို အွန်းတာလဲ?"ငါ ငါမင်းကို ကြိုက်တယ် Jeon Jungkook!!"
နေဦး သူ...သူဘာတွေပြောနေတာလဲ?
ထွက်မလာတဲ့စကားလုံးတွေက အခုဆို ပျောက်ရှကုန်ပြီ"ငါ မင်းကိုအရမ်းကြိုက်တယ် ၊ သူငယ်ချင်းလိုမဟုတ်ပဲ
ကောင်လေးလို မင်းကိုသဘောကျတယ်၊
ရင်ခုန်တယ်၊ သဝန်တိုတယ်၊ ပိုင်ဆိုင်ချင်တယ်၊
မင်းကို အခုလိုမျိုး အမြဲတမ်းနမ်းနေချင်တယ်"Jungkookမှာ အံ့ဩမှူတွေအပြင် ဘာမှလဲမပြောနိုင်၊
ဘာမှလဲမလုပ်နိုင်၊ ပါးစပ်အဟောင်းသားနဲ့ပဲ ကြည့်နေမိတယ်၊"အရမ်းအံ့ဩနေတာလား၊ ငါက ငါကgayပါလို့ဝန်ခံတဲ့နေတည်းက မင်းသိမယ်ထင်နေတာ ၊ ငါမင်းကိုသဘောကျနေတာလဲ တခြားသူတွေအကုန်သိတယ်၊ မင်းလဲသိနေမယ်ထင်ခဲ့တာ"
ခေါင်းခါမိသည်၊ သူက ခေါင်းငြိမ့်ခေါင်းခါပဲလုပ်နိုင်တော့တယ်၊ တစ်ကိုယ်လုံးလဲတုန်နေပြီ၊
"အခုရော? မင်းပြောသလို ငါကအချစ်ဆုံးအဖြစ် ဆက်ရှိနေနိုင်သေးလား"
