Ep.4

636 43 0
                                        

ဘာ လို့ ထမင်းနည်းနည်းပဲစားတာလဲ

ကိုကိုပဲ ၀က်ကြီးဆို အဲ့တာကြောင့် ဒီနေ့က စပြီး ထမင်းနည်းနည်းပဲစားတော့မယ်

ကိုယ် ကစတာလေကွာ ကိုယ်ခွံ့ကျွေးမယ်လေ ဟ

မစားဘူး

မရဘူး စားရမယ်

ရှောင်ကျန့်က ထမင်းတစ်လုတ်အပြည့်ထည့်ပြီး ရိပေါ်ပါးစပ်ထဲ ထိုးထည့်လိုက်သည်

အွန့် အွန့်

စကားမပြောနဲ့ ထမင်းကိုသေချာဝါးစား ရော့ ‌ေရသောက်

အွန့် ဟူး ထမင်းတွေနင်ပြီးသေတော့မယ် ‌သောက်ကောင်ရဲ့

ငါ့ကိုဆဲတယ် ဟုတ်လား

ကြားတဲ့အတိုင်းပဲလေ သွားတော့မယ် ကိုယ့်ဘာကိုတယောက်ထဲ ထိုင်စားနေလိုက်တော့ ဟွန့်

ဆောင့်ဆောင့် အောင့်အောင့်ဖြင့် ထမင်းစားပွဲက ထကာ ရိပေါ် အပေါ်ထပ်သို့တက်သွားလေသည်

သားလေး အိပ်ပျော်နေပြီလား မသိဘူး သွားကြည့်လိုက်ဦးမယ်

ရိပေါ် လီရှောင်းလေးရဲ့ အခန်းထဲသို့ ၀င်ကာ ကလေးကို စောင်သေချာခြုံပေးလိုက်သည်

ဟင် သားလေး အသားတွေပူနေပါလား

ပါးပါး

ဟင် သားလေး ပါးပါးရှိတယ် ဘာလဲ ပြောလေ

ရေ ရေသောက်ချင်တယ်

ရေသောက်ချင်တာလား ထ ထ ဖြည်းဖြည်းထ

ရော့ သောက် ဖြည်းဖြည်းသောက်နော်

လီရှောင်းလေးကို ရိပေါ်က ထူပေးပြ‌ီး ရေတိုက်နေသည်

ဘာဖြစ်တာလဲ ရိပေါ်

‌ဟင် ကိုကို လီရှောင်းလေးက ကိုယ်တွေ ပူနေတယ် နေမကောင်းဘူးထင်တယ်

ဟုတ်လား စမ်းကြည့်ရအောင်

ရှောင်ကျန့်က လီရှောင်းလေး နဖူးပြင်ပေါ် လက်တင်ကာ ကိုယ်အပူချိန်စမ်းလိုက်သည်

ဟုတ်သား ကိုယ်နွေးနေတာပဲ သား နေလို့မကောင်းဘူးလား

အင်း
လီရှောင်းလေးက အားမပါသောအသံဖြင့် ဖြေလိုက်သည်

Shadow off limitsWhere stories live. Discover now