ဒေါသ သံပြင်းပြင်းဖြင့် လှေကားပေါ်မှ ဆင်းလာသောလူတစ်ေယာက်ရဲ့ ခြေသံက ယူမီနဲ့ရှောင်ကျန့်အမေကို တုန်လှုပ်စေသည်
အိမ်ထဲမှ ထွက်သွားရန်ပြင်နေသော ရှောင်ကျန့်ကို လက်ဆွဲကာ တားလိုက်ရင်း
သား ကျန့်ကျန့် မင်းဘာဖြစ်နေတာလဲ စိတ်နဲ့လူနဲ့မကပ်ဘူးလား သတိထားစမ်းပါဦးလားကွယ်
ကျွန်တော့် လက်ကိုလွှတ်ပါ ကျွန်တော်သွားစရာရှိတယ်
မင်းအခုလိုစိတ်အခြေနေနဲ့ ဘယ်လိုကားမောင်းမှာလဲ မင်းတခုခုဖြစ်မှာအမေ စိုးရိမ်တယ်
ကျွန်တော်ကို ကျွန်တော် ထိန်းနိုင်ပါတယ် အမေ ကျွန်တော်လက်ကိုလွှတ်ပါ
ရှောင်ကျန့်က ပြောနေသော်လည်း သူ့အမေက ဂရုမစိုက် လက်ကိုဆွဲထားမြဲဖြစ်သည်
ရှောင်ကျန့် ဘာမှဆက်မပြောတော့ပဲ သူ့ကိုဆွဲထားသည့်လက်ကိုလွှတ်ချကာ အိမ်အပြင်ဘက်သို့ထွက်လာခဲ့သည်
ရှောင်ကျန့်ရဲ့ ကားမောင်းနှုန်းက ပုံမှန်ထက်မြန်နေပြီး အနရာယ် ရှိသည့်အနေအထားမှာပင်ဖြစ်သည် အခုရှောင်ကျန့်ဦးတည်ကာ မောင်းနေသည့်နေရာက ဆေးရုံဖြစ်သည်
ရိပေါ်ကတော့ အခန်းထဲမှာ ကလေးနဲ့ဆော့ကောင်းနေတုန်းဖြစ်သည်
လီရှောင်းရေ ပါးပါးကိုမညစ်နဲ့ကွာ ကျောက်တုံး စကူ ကတ်ကြေးက လက်တစ်ဖက်ပဲသူံးရတာ လက်နှစ်ဖက်သုံးလို့မရဘူး
မသိဘူး သားက ပါးပါးကို နိုင်အောင်လုပ်မှာ
အဲ့လိုဆော့ရတာမဟုတ်ဘူးလိူ့ ပါးပါးကို နိုင်ချင်ရင် နည်းလမ်းအတိုင်းဆော့လေ မညစ်နဲ့ပေါ့
ဟွန့် ပါးပါးက သားကိုအလျော့မပေးဘူး အဟင့် ဟင့်..
လီရှောင်လေးက သူ့ရဲ့အသံညောင်ညောင်လေးဖြင့် ငိုချင်ယောင်ဆောင်ကာ ရိပေါ်ကိုချွဲနေတော့သည်
ဟုတ်ပါပြီ ဟုတ်ပါပြီ ပါးပါးက အလျော့ပေးမယ်
လီရှောင်းလေးကို အခုရက်ပိုင်းပစ်ထားခဲ့တာများပြီမို့ ရိပေါ်က ကလေးစိတ်ပျော်အောင် သူ့သဘောအတိူင်းသာနေပေးနေသည်
YOU ARE READING
Shadow off limits
Fanfictionzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ