မင်း ဘာလို့ ဒီအိမ်ကိုပြန်လာတာလဲ
ခင်ဗျား ပါးစပ်ကိုမပိတ်ထားနိုင်ဘူးလား ရှောင်ကျန့် ကျွန်တော် ပင်ပန်းနေပြီ
အင်း ကိုယ်ဘာမှမပြောတော့ပါဘူး
ရိပေါ်က ရှောင်ကျန့်ကိုမျက်နှာချင်းမဆိုင် ကြမ်းပြင်ပေါ်ပြန့်ကျဲနေသည့်ပစ္စည်းများကို ရှင်းလင်းကာ ရေချိုးခန်းထဲ ၀င်သွားတော့သည်
ရေချိုးခန်းထဲတွင် ရိပေါ်တစ်ယောက် အတွေးမှိုင်နေတော့သည်
ငါ မှားပြီလား ငါဒီအိမ်ကိုပြန်လာမိတာမှားပြီလား ငရဲနဲ့တူတဲ့ ဒီလိုနေရာကို ငါဘာကြောင့် ပြန်လာမိတာလဲ ငါရူးသွားပြီလား
ဟင့်အင်းး ငါမမှားဘူး ငါမှန်တယ် ငါ့သားလေးရဲ့ ဘ၀က အထီးမကျန်နေစေရဘူး သူလိုအပ်တာ မှန်သမျှငါဖြည့်စည်းပေးရမယ် င့ါဘက်ကဆန္ဒတစ်စူံတရာမပါ၀င်ရင်တောင်မှငါလုပ်ပေးသင့်တယ်
ရိပေါ် ရိပေါ် မင်းရေချိုးနေတာ မပြီးသေးဘူး လား ကြာနေပြီနော်
ရိပေါ် ဘာမှပြန်မပြောချေ
ရိပေါ် ရိပေါ် မင်းငါပြောတာကြားရဲ့လား
ရေချိုးခန်းထဲမှ ရိပေါ် ထွက်လာကာ
ခင်ဗျားစကားအကျယ်ကြီး မပြောပါနဲ့ ကလေးနိုးသွားလိမ့်မယ်ဆောတီး ကိုယ်စိတ်ပူလွန်သွားတယ်
စိတ်ပူစရာမလိုပါဘူး ခင်ဗျားနဲ့ဆိုင်တဲ့ သူအတွက်ပဲ စိတ်ပူပေးလိုက်ပါ ခင်ဗျားရေချိုးမလို့လား ချိုးလေ သားလေး ဘေးနားမှာ အိပ်ရမှာမို့လို့ ချိူးလိုက်ပါ ကလေးက အနံ့ဆိုးတွေ ထွက်နေတာမျိုးမကြိုက်ဘူး
အင်း ဟုတ်ပါပြီ
ရိပေါ် ညဝတ်အကျီလေး လီရှောင်းလေးကိုလဲပေးရင်း သူပါ၀တ်လိုက်သည်
ရိပေါ် ပင်ပန်းနေပြီမို့လို့ ကုတင်ပေါ်လှဲလိုက်သည်နှင့် အိပ်ပျော်သွားသည်
အိပ်ပျော်နေသော လီရှောင်းလေးနဲ့ ရိပေါ်ကိုကြည့်ရင်း ရှောင်ကျန့် မျက်ရည်များဝဲလာသည်
ကိုယ်တောင်းပန်ပါတယ် ကိုယ်ကသာ ဒီပြသနာတွေရဲ့ အဓိက တရားခံပါ အချစ်ရဆုံးသူတစ်ယောက်ဆီက တစိမ်းတစ်ေယာက်လိုဆက်ဆံခံရတဲ့ ခံစားချက် ကိုယ်တကယ် ၀မ်းနည်းမိတယ် ကလေးရယ်
YOU ARE READING
Shadow off limits
Fanfictionzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ