ကျွန်တော်ကို ရက်စက်တယ်လို့ မတွေးပါနဲ့ ရှောင်ကျန့် ခင်ဗျားက ကျွန်တော့်ထက် ပိုပြီးရက်စက်တတ်တာပါ...
ပါးပါး ဘာလို့ငိုနေတာလဲ ဒယ်ဒီနဲ့ ရန်ဖစ်နေတာလားဟင်
မဟုတ်ဘူး သားလေးရဲ့ ပါးပါးက နေမကောင်းလို့ ၀မ်းနည်းပြီးငိူနေတာပါ စောန ဘယ်တွေသွားနေလဲ
တံခါး အပြင်ဘက်မှာပဲ သားထိုင်စောင့်နေတာ ဒယ်ဒီက သားကိုတောင် စကားမပြောပဲပြန်သွားတယ်
ဒယ်ဒီက အလုပ်များနေလို့ဖြစ်မှာပါ သားလေးရဲ့
သားတို့ ဘယ်တော့အိမ်ပြန်ရမှာလဲ ဟင်
အိမ်မပြန်ပဲ ပါးပါး နဲ့ တူတူ ခရီးထွက်ချင်လား မုန့်တွေလည်းစားမယ် အကောင်လေးတွေလဲ ကြည့်မယ် ကစားကွင်းလဲသွားကြမယ်လေ
သွားမယ်လေ ဒယ်ဒီကောပါမှာလား
ဒယ်ဒီက အလုပ်များတော့ ဘယ်လိုက်နိုင်မလဲ လီရှောင်းလေးနဲ့ ပါးပါးနဲ့ နှစ်ယောက်ထဲ သွားကြမယ်နော်
ဟုတ် ပါးပါး
ကျွန်တော် အထုတ်အပိုးတွေ သွားယူတဲ့ ယူမီကလဲ အခုထိပေါ်မလာတော့ဘူး အထုပ်တွေ ယူဖို့ ကျွန်တော် အိမ်လဲ မပြန်ချင်ဘူး ဘယ်လိုလုပ်ရပါ့မလဲ
ပါးပါး သားလေအိမ်ပြန်ချင်တယ် အိမ်ပြန်ပြီးမှ ခရီးသွားလို့ရလားဟင်
ဟမ် သားက ဘာလို့အိမ်ပဲပြန်ချင်နေတာလဲ
ဒယ်ဒီ သီချင်းဆိုပြီးေချာ့သိပ်တာ ကြားချင်တယ် ပါးပါးကလဲ ပုံပြင်ဖတ်ပြတယ်လေ
ဟုတ်ပါပြီ ပါးပါး ဆရာ၀န်ကိုပြောကြည့်လိုက်မယ်နော်
ရေးးးးဒါဆို အိမ်ပြန်ရတော့မယ်
ကလေးငယ်လေးက ပျော်နေလိုက်တာ အပြစ်ကင်းစင်လွန်းတဲ့ သားလေးကို မာယာတွေကြား နာကျင်အောင် မလုပ်ချင်ဘူးးး သားလေးက ကျွန်တော်ရဲ့ အသက်ပါပဲ
ရှောင်းအိမ်တော်ကြီးထဲမှာတော့ ပေါက်ကွဲနေသူ တစ်ယောက်က ရှောင်ကျန့်ပင်ဖြစ်သည်
ခွမ်းးးးးး
ထွက်သွားး ထွက်သွားကြ ငါ့ဘ၀ထဲက ငါ့ကိုနာကျင်ရအောင် လုပ်တဲ့သူတွေထွက်သွားကြ
YOU ARE READING
Shadow off limits
Fanficzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ