သားရေ အရမ်းမပြေးနဲ့လေ ချော်လဲလိမ့်မယ်သားကို မိအောင်ဖမ်း ပါးပါး
ဟေ့ ဟေ့ ကလေး မပြေးနဲ့လို့ပြောနေတယ်လေ
ဘလပ် ဘလပ်
မပြေးရန် ဆူနေသော ပါးပါးကို လီရှောင်းလေးက လျှာထုတ်ပြီး ပြောင်ပြလိုက်သည်
မင်းနော် ပြောမနိုင်ဆိုမနိုင်လေး
ပါးပါးက အပြေးနှေးနေတာ ဒယ်ဒီဆို သားကိုခဏလေးနဲ့မိတယ်
အမလေး သူ့ဒယ်ဒီက ကလေးကို အလျှော့မပြေးပဲ အပြိုင်ဆော့နေတာကိုများ ငါ့ကို အပြေးနှေးတယ်တဲ့ တွေ့မယ်
လီရှောင်း လေးရဲ့စကားတတ်ပုံကြောင့် ရိပေါ် ကလေးနဲ့အတူပြိုင်ပြေးကာ ဆော့တော့သည်
သားရေ သား ဖုန်းလာနေတယ် လာကိုင်လိုက်ဦး
ဟုတ် ဟုတ်လာပြီ မားမား
သား ဖွားဖွားနဲ့ ဆော့နေဦးနော် ပါးပါး ပြီးရင် ပြန်လာခဲ့မယ်
ဟုတ် ဖွားဖွား သားကိုလိုက်ဖမ်း သားကပြေးမယ် မိအောင်ဖမ်းရမှာနော် ပါးပါးက မိအောင် မဖမ်းနိုင်ဘူး
ချွေးတွေ ထွက်နေပြီမြေးလေးရဲ့ ဖွားဖွား တို့တခြားဟာ ဆော့ကြမယ်နော်
ဟုတ် ဖွားဖွား
အမယ် လိမ်မာလိုက်တာ ငါ့မြေးလေးက
ဟယ်လို ကျန့်ကော
ကိုယ် ဒီနေ့အလုပ်တွေ အရမ်းများနေလို့ အိမ်ပြန်မလာဖြစ်ဘူး
ဟုတ်လား
အင်း ဟုတ်တယ် အဲ့တာ လှမ်းပြောတာ ထမင်းစားဖို့စောင့်နေမှာစိုးလို့ သားလေးကော
မားမားနဲ့ ကစားနေတယ် ကိုကို ထမင်းကောစားပြီးပြီလား မစားရသေးရင် ကျွန်တော် လာပို့ရမလားဟင်
ကိုယ်အပြင်ကမှာစားလိုက်မယ် မလာနဲ့ အိမ်မှာပဲနားနေနော်
အင်းပါ ဖိုက်တင်း ကိုကို
ဟုတ်ပါပြီ ဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ်
ဟုတ်
ဘာတဲ့လဲ သား
ဒီနေ့ ပြန်မလာဖြစ်ဘူးတဲ့ အလုပ်တွေ အရမ်းများနေတယ်လို့ပြောတယ်

YOU ARE READING
Shadow off limits
Fanfictionzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ