ကောင်းကောင်း အိပ်ပျော်နေပြီပဲ ကြည့်စမ်း ဟောက်တောင် ဟောက်နေပြီရိပေါ်က လီရှောင်းလေး ခေါင်းကို ပွတ်သပ်ပေးနေသည်
ရိပေါ်ကလေးကို ချော့သိပ်နေတုန်း တံခါး အရှေ့က အရိပ်တစ်ခုကိုမြင်လိုက်ရသည်
ရိပေါ် မင်း မင်း..လား ရိပေါ် ဒီမှာ ကိုယ့်ရဲ့ရိပေါ်လေးရှိလား
ဟင် ကျန့်ကော တိုးတိုးပြောပါ ကလေးအိပ်နေပြီ ဘာလို့ အခန်းထဲမှာ မနေပဲ ထွက်လာတာလဲ
မင်းကကြာနေလို့လေ
ဘယ်မှာကြာလို့လဲ အခုလေးတင် ထွက်သွားတာကို
မသိဘူး အကြာကြီးကအကြာကြီးပဲ
အဲ့နားမှာ ပဲငြိမ်ငြိမ်လေးရပ်နေ လီရှောင်းလေးကို အကျီလဲပေးပြီး ရင် ပြီးပြီ
အင်းး
ရှောင်ကျန့် အရက်မူးနေတာကြောင့် ဘာမှန်းမသိပဲ သွားချင်ရာသွားပြီး ပြောချင်ရာပြောနေတာဖြစ်သည်
အရက်မူးရင် ဖြစ်သွားတတ်တဲ့ ရှောင်ကျန့်က သာမာန်အချိန် ရှောင်ကျန့်နဲ့ မိူးနဲ့ေမြလိုကွာ သည်
ကဲ ရပြီ အခန်းထဲသွားရအောင် နောက်ဆို အရက်မသောက်နဲ့တော့ တော်တော် ထိန်းရခက်တာပဲ
ကိုယ့်ကိုပြောတာလား
မဟုတ်ဘူး မဟုတ်ဘူး ပါးစပ်ပိတ်ထားတော့
ရိပေါ်က ရှောင်ကျန့် အကြောင်းသိသည်မို့ ပြန်ပြောမနေတော့ပဲ အခန်းထဲသာ ခေါ်လာခဲ့သည်
အိပ်တော့နော် ကိုကို ပင်ပန်းနေပြီ နားတော့
ဘယ်သူက ကိုကိုလဲ ငါက ရှောင်ကျန့်လေ ရှောင်ကျန့် မင်းရဲ့ ယောကျာ်း လေ
ဟုတ်လား ကျွန်တော် ကတော့ မထင်ပါဘူး ရှောင်ကျန့်မဟုတ်ပဲ အရူးကျန့် ဖြစ်နေပြီထင်တယ်
ကိူယ့်ကို အရူးလို့ပြောလိုက်တာလား
မဟုတ်ပါဘူး ကျွန်တော်က ပြောစရာလား ကိုကိုက အရမ်းချစ်ဖို့ကောင်းလွန်းလို့ ဘယ်ပြောရက်ပါ့မလဲ
ရိပေါ်က ရှောင်ကျန့်ရဲ့ ပါးကိုဆွဲကာ ပြောလိုက်သည်
ကျန့်ကောက လိမ်မာတယ် ချစ်ဖို့လဲကောင်းတယ် ကျွန်တော်ကလဲ အရမ်းချစ်တယ်နော်
YOU ARE READING
Shadow off limits
Fanfictionzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ