ရိပေါ် အခြေနေဘယ်လိုလဲ
အခုထိမနိုးလာသေးဘူး အကိုကြီး အပြင်မှာဘာတွေဖြစ်နေတာလဲ အသံတွေကြားတယ်
သိချင်ရင် သွားကြည့်လေ နင် အပြင်ထွက်တော့ ငါရိပေါ်ကို အ၀တ်စားလဲပေးလိုက်ဦးမယ်
ဟုတ် အကိုကြီး
ရှောင်ကျန့်က ရိပေါ် တစ်ကိုယ်လုံးကို ရေစင်အောင် သုတ်ပေးပြီး အ၀တ်စားလဲပေးလိုက်သည်
ဒေါ်လေး ဒေါ်လေး
ဟင် ဘာလဲ လီရှောင်းလေး
ပါးပါး ပြန်လာပြီလားဟင် ဒယ်ဒီကော
ဒေါ်လေး အခန်းထဲမှာရှိတယ် သွားကြည့်လိုက်နော် ပါးပါးက နေမကောင်းလို့ အိပ်နေတယ် လီရှောင်းလေးက တိုးတိုးနေရမယ်နော်
ဟုတ် ဒေါ်လေး
လီရှောင်းလေးက သူ့ပါးပါး ပြန်ရောက်လာတာကို ပျော်ပြီး ဟွားယုအခန်းထဲ၀င်သွားသည်
ဒယ်ဒီ
သားလေး ရူးတိုးတိုး
ဟုတ်ကဲ့
လီရှောင်းလေးက လမ်းတစ်လှမ်းချင်းလျှောက်ကာ ရိပေါ်ကုတင်ဆီသို့ လာနေသည်
ဒယ်ဒီ ပါးပါးက နေမကောင်းဘူးဆို ဘာလို့လဲဟင်
ဒယ်ဒီ အမှားကြောင့်ပါ ဒယ်ဒီတောင်းပန်ပါတယ်နော် ပါးပါးကို နေမကောင်းဖြစ်အောင်လုပ်မိလို့
ဟင် ဒယ်ဒီက ဘာလုပ်လို့ ပါးပါးက နေမကောင်းဖြစ်သွားတာလဲ
လီ လီရှောင်းလေး
ဒယ်ဒီ ပါးပါး နိုးလာပြီ
ရိပေါ် ရိပေါ် မင်းသတိရလာပြီလား
အင်း လီရှောင်းလေး ပါးပါးဆီလာပါဦး
ဟုတ် ပါးပါး
ရိပေါ်က လီရှောင်းလေးကို ဖက်ထားကာ ငိုလိုက်သည်
ပါးပါး ဘာလို့ငိုနေတာလဲဟင်
ဘာမှမဖြစ်ပါဘူး သားလေးကို သတိရလို့ပါ ပါးပါးရဲ့ သားလေးကို ခဏမတွေ့ရရင်တောင် မနေနိုင်ဘူးလေ
မငိုနဲ့တော့ ပါးပါး သားက အမြဲတမ်း ပါးပါးနဲ့ တူတူနေမှာ
ဟုတ်ပါပြီ ပါးပါးကို အာဘွားပေးပါဦး
YOU ARE READING
Shadow off limits
Fanficzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ