ဟော မိုးတွေရွာနေပြီဟေ့ မိုးရေတွေကို မကိုင်နဲ့လေ ဖျားလိမ့်မယ် လီရှောင်း ပါးပါး ဆီကိုလာခဲ့
ဟင့်အင်း မလာဘူး ရေစက်လေးတွေထိရတာ သဘောကျတယ် အေးနေတာပဲ
အဲ့ကလေးက ရေတအားကြိုက်တတ်တဲ့ကလေး တချို့ကလေးငယ်ေလးတွေ ရေချိုးရင် ငိုတတ်ပေမဲ့ လီရှောင်းလေးကတော့ မငိုဘူး ရေထိလိုက်တာနဲ့ပျော်နေတာ အခုလဲ ဆိုင်ရှေ့သွားပြီး မိုးရေတွေကိုလက်နဲ့ခံနေတယ်
လီရှောင်း လီရှောင်း လာခဲ့ နင်ဆော့နေတာ ကြာပြီ အအေးမိတော့မှာပဲ
ဟွန့် ပါးပါးကလဲ သားကထပ်ဆော့ချင်သေးလို့ပါဆို
မရဘူး အဲ့လိုနဲ့ ဖျားတော့မယ် ကိုကို လီရှောင်းလေးကိုခေါ်ပြီးပြန်တော့
မင်းကော ပြန်မလိုက်ဘူးလား
ဆိုင်သိမ်းခါနီးမှပြန်လာတော့မယ် ကိုကို တို့ပဲပြန်လိုက်တော့
အခုတစ်ခါထဲ ပြန်လိုက်ခဲ့ပါလား ဆိုင်မှာလဲ၀န်ထမ်းတွေရှိတာပဲ
ပါးပါး သားတို့တူတူပြန်ကြမယ်လေ
သားက ပါးပါးနဲ့တူတူပြန်ချင်တာလား
အွန်း ဒယ်ဒီကော ပါးပါး နဲ့ကော တူတူပြန်ချင်တာ
ဟုတ်ပါပြီ ဒါဆိုတူတူပြန်ကြမယ် မန်နေဂျာကြီး ကျွန်တော်ပြန်ပြီနော် ဆိူင်ကိုအပ်ပါတယ်နော်
ဟုတ်ကဲ့ပါ သူဌေး
ရိပေါ်က ဆိုင်ကို မန်နေဂျာဆီအပ်ကာ လီရှောင်းလေးတို့နဲ့တူတူပြန်လိုက်သွားသည်
လာ သွားရအောင် လီရှောင်းလေး
မိုးရွာနေသည်မို့ ရှောင်ကျန့်က လီရှောင်းလေးကိုချီကာ ရိပေါ်က ထီးဆောင်းပေးသည် အမှတ်တမဲ့ လမ်းသွားရင်း မြင်ခဲ့ရင် ကြည်နူးစရာကောင်းသည့် မြင်ကွင်းလေးတစ်ခု ဖြစ်လိမ့်မည်
မားမား ခဲအိုက ကိုကို ကိုအရမ်းချစ်တာနော် မားမား တို့ဘယ်လိုခွဲခွဲ ခွဲမသွားဘူး သူ့ရဲ့အချစ်က လေးစားစရာကောင်းတယ်
ငါကလည်း နင့်အစ်ကို ကောင်းဖိူ့လုပ်ခဲ့တာပါ အခုတော့လဲ အဆင်ပြေနေပါပြီ ငါချွေးမလေးမရပေမဲ့ မြေးလေးရလို့ ပျော်ပါတယ် သူ့ကိုလဲ ငါအတတ်နိုင်ဆုံး ကောင်းပေးထားပါတယ်

YOU ARE READING
Shadow off limits
Fanfictionzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ