Ep.6

523 29 2
                                        

ကျွန်တော် တို့ပြန်ရောက်ပါပြီမားမား

အေး အေး လီရှောင်းလေး ဖွားဖွား ဆီလာပါဦး

သွားလေ လီရှောင်း

ရိပေါ်က လီရှောင်းလေးကို သူ့အဖွားဆီသွားခိုင်းလိုက်သည်

ဟုတ်ကဲ့

အမယ်လေး  ငါ့မြေး‌ေလးက ချစ်ဖို့ကောင်းလိုက်တာ  ကဲ အစားတွေ အများကြီးစားလို့ ၀က်ပေါက်လေး ဖြစ်လာပြီ

ဒယ်ဒီက အစားများများစားရင် မြန်မြန်ကြီးလာမှာလို့ပြောတယ်

ဟုတ်ပါပြီကွယ် ကျန့်ကျန့် နင်တို့လဲ သွား‌နားတော့လေ လီရှောင်းလေး သွားတော့နော်

ဟုတ်ကဲ့ ဖွားဖွား

ဒါဆို ကျွန်တော်တို့ အပေါ်တက်ပြီနော် မားမား

အေး အေး

ရိပေါ်တို့ မိသားစု ရှောင်ကျန့် မားမား ကိုနှုတ်ဆက်ပြီး အပေါ်ထပ်သို့ တက်လာကြသည် အပေါ်ထပ် မှာ လီရှောင်း နဲ့ ရှောင်ကျန့်တို့က အခန်း တစ်ခန်းစီ နေကြပြီး အောက်ထပ်မှာ ရှောင်ကျန့် မားမားနဲ့ ညီမလေးတို့ နေကြသည်

အော် မနက်ဖြန် ကိုယ်နဲ့အပြင်သွားစရာ ရှိတယ်

ဟင် ဘယ်ကိုလဲ

ကိုယ့်သူငယ်ချင်း နှစ်ပိူင်းတပိုင်း ကောင်ကနောက် 2လဆိုရင် အိမ်ထောင်ပြုတော့မယ်တဲ့

ဟုတ်လား ကောင်းပါတယ် ပိုင်ပိုင်နဲ့ သူနဲ့ကလိုက်ဖက်တယ်

ဟုတ်တယ် အဲ့တာ မနက်ဖြန် သူတို့က ထမင်းစားဖိတ်ထားတယ် လီရှောင်းလေးကိုပါ ခေါ်လာဖို့ပြောတယ်

ဟုတ်ပါပြီ ကျွန်တော်တို့သွားကြတာပေါ့

ဒါနဲ့ လီရှောင်းလေး အခန်းထဲမပြန်ဘူးလား ဒီမှာအိပ်မှာလား ပါးပါးနဲ့ ဖက်ပြီးအိပ်ကြမယ်လေ

မအိပ်ပါဘူး ပါးပါးက လူဆိုးကြီး အိပ်တာ အရမ်းကြမ်းတယ်

ကိုကို တွေ့လား ကျွန်တော်ကို လူဆိူးကြီးတဲ့ ဘာမှမပြောတော့ဘူးလား

မင်းက ဆိုးလို့ ဆိုးတယ်ပြောတာ ဖြစ်မှာပေါ့ ခွေးပေါက်လေးရဲ့

Shadow off limitsWhere stories live. Discover now