Ep.10

603 30 2
                                        


အိမ်နံပါတ် 16 ဒီနားမှာလား မသိဘူး လမ်းက လူတစ်ယောက်ကို မေးကြည့်မှပဲ

အမ အိမ်နံပါတ် 16က ဒီနားမှာရှိလားဟင်

ဟိူးရှေ့နားက အိမ်ပဲညီမလေး

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အမ

မာမီ ဟိုမှာမြင်နေရတဲ့ တိုက်ကြီးလားဟင်

ဟုတ်တယ်လို့ ပြောဝာာပဲ မာမီတို့ သွားကြည့်ရအောင်

ညက အိပ်လို့တောင် မပျော်ခဲ့ဘူး အဲ့လူတွေကို ရှာချင်တဲ့စိတ်နဲ့ပေါ့ မိုးလင်းတာနဲ့ ဝီလျှံကို ခေါ်ပြီး သူတို့နေတဲ့အိမ်ကိုထွက်ရှာခဲ့တယ်

အနီးနားက လမ်းသွားလမ်းလာတွေကို မေးရင်းလာခဲ့ရတယ် အခု သူ့အိမ်ရှေ့ အထိရောက်လာခဲ့ပြီ‌လေ သူ့အိမ် တကယ်ဖြစ်ဖို့ပဲ ဆုတောင်းပါတယ်

ကလင် ကလင် တံခါးဘဲလ် မြည်သံ

ရိပေါ်ရေ ဧည့်သည်လာတယ်ထင်တယ် တံခါးဖွင့်ပေးလိုက်ဦး

ဟုတ် မားမား

ရိပေါ် တံခါးဖွင့်လိုက်သည်နှင့် မိုးရေထဲ ထီးတစ်ချောင်းကိုင်ထားသော မိန်းမ တစ်ယောက်နဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်

မောင်‌လေး ဒါက ရှောင်ကျန့်တို့ အိမ်လားမသိဘူး

ဟုတ်ပါတယ် ဘာကိစရှိလို့လဲ မသိဘူး

အမက သူ့ရဲ့ မိန်း..မိန်းကလေး သူငယ်ချင်းပါ

ဟုတ်လား အထဲ၀င်ပါ မိုးရေထဲရပ်နေရတာ အေးနေတော့မှာပဲ

ကျေးဇူးတင်ပါတယ် ဝီလျှံလာ အထဲ၀င်ရအောင်

ကိုကိုရေ ဧည့်သည်လာတယ် လာဦး

အမတို့ ထိုင်ကြဦးနော် ကျွန်တော် သောက်စရာတစ်ခုခုသွားယူပေးမယ်

အေးပါ

ရိပေါ်က ယူမီတို့သားမိကို ဧည့်ခန်းမှာ ထိုင်ခိုင်းထားပြီး မီးဖိုချောင်သိူ့ ထွက်ခဲ့သည်

ရိပေါ် ဘယ်သူလာတာလဲ

ကျန့်ကောရဲ့ သူငယ်ချင်းလို့ ပြောတာပဲ မားမား

သူ့မှာ မိန်းကလေး သူငယ်ချင်းရှိတယ်လို့ ငါမကြားမိပါဘူး ဘယ်သူများလဲ

Shadow off limitsWhere stories live. Discover now