သဲကြီးမဲကြီး ရွာနေတဲ့ မိုးရေထဲမှာ ဖိနပ်မပါပဲ ပြေးနေတဲ့ လူတစ်ယောက်မျက်ရည်များက မျက်နှာတစ်ပြင်လူံး စီးကျနေပြီး မိုးရေများနှင့် အတူ ပျက်ပြယ်သွားသည်
မျက်၀န်းတစ်စုံ လူံးက နီရဲနေပြီး သွေးကြောများပင် ထင်းနေသည်
ရိပေါ် သစ်ပင်တစ်ပင်အောက်တွင် ရပ်နေကာ အသံကုန်အော်ဟစ်လိုက်သည်
အား ....အားးးး
မဟုတ်ဘူး ကိုကိုက အဲ့လိုမဟုတ်ဘူး
ရိပေါ်ပင်မတ်တတ်မရပ် နိုင်တော့ပဲ ဒူးခွေလျက် မြေပြင်ထက် လဲကျသွားသည်
အဟား အဟား ခင်ဗျား ဘာလို့ အဲ့လိုလုပ်ရက်တာလဲ
ကျွန်တော် ဘ၀ကြီးက အခုဘယ်လို ဖြစ်သွားပြီလဲ အဟီး..ဟီးးး ဖောက်ပြန်ခံထားရတာကို မသိပဲ ခင်ဗျားဘေးမှာ အရူးလိုနေခဲ့ရတာ
လိမ်မယ်ဆိုရင်လဲ အဆူံးထိသာ လိမ်သွားပါတော့လား အခုမှ ဘာလို့ ကျွန်တော့်ကို ကျွန်တော် ကိုရင်ကွဲအောင် လုပ်ရတာလဲ အဟီး..ဟီး..ဟီး
မုန်းတယ် ဖောက်ပြန်ခဲ့တဲ့ ခင်ဗျားကို မုန်းတယ် ခင်ဗျားအမေကိုကော မုန်းတယ်
အချိန်ကြာလာလေ မိုးက သည်းလာလေ ဖြစ်ပြီး သစ်ပင်အောက်ရှိ လူကိုတောင် ဖူံးသွားစေခဲ့သည်
ကျန့်ကျန့် မင်းဘယ်သွားမလို့လဲ
ရိပေါ် ရိပေါ်ကို သွားရှာမလို့ သူအခုထိ ပြန်မလာသေးဘူး သားသူ့ကို သွားရှာရမယ်
ကျန့်ကျန့် မင်းဘယ်လိုဖြစ်နေတာလဲ သတိထားစမ်း သူအချိန်တန်ရင် ပြန်လာလိမ့်မယ်
စိတ်နဲ့ ကိုယ်နဲ့မကပ်နဲ့ ရှောင်ကျန့်ကို သူ့အမေက လက်ဆွဲကာ တားထားသည်
မရဘူး သား သွားရှာမှ ဖြစ်မယ် အမေ သားလက်ကိုလွှတ် လွှတ်ပါ
အဟင့် ..ဟင့် . ဗြဲ
ရှောင်ကျန့်နဲ့ သူ့အမေ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ကလေးငိုသံကို ကြားလိုက်ရသည်
ဗြဲ....ဗြဲ ပါးပါး ပါးပါး ကိုမတွေ့ဘူး ပါးပါး ဘယ်သွားတာလဲ ဒယ်ဒီ ..ပါးပါး ကိုတွေ့ချင်တယ် ပါးပါး ကိုခေါ်ပေးပါ
YOU ARE READING
Shadow off limits
Fanfictionzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ