Ep.20

772 39 0
                                        

ဒယ်ဒီ

ဟင် သားလေး

ဒီခေါက်ဆွဲက ဘယ်လိုကြီးလဲမသိဘူးနော် သားစားနေကြခေါက်ဆွဲအရသာလဲ မဟုတ်ဘူး

အင်းပေါ့ သားရဲ့ သားက အိမ်မှာ ပါးပါးလုပ်ပေးတဲ့ခေါက်ဆွဲကို စားနေကြဆိုတော့ အခုဆိုင်ကဟာကိုစား‌တာဆိုတော့ တမျိုးဖြစ်နေတာပေါ့ ကဲ စားတော့

ဟုတ် ဒယ်ဒီ

ရှောင်ကျန့်တို့သားဖ စားသောက်ဆိုင်မှာ စားသောက်ပြီးနောက် အနီးရှိ martလေး‌တွင် လိုအပ်တာလေးများ၀ယ်ကာ ဆေးရုံသို့ ပြန်လာခဲ့သည်

သား ဖ တွေပြန်ရောက်လာကြပြီလား

ဟုတ်ကဲ့ ဆရာမပြန်နားလိုက်လို့ရပါပြီ လိုအပ်ရင် ကျွန်တော် ဖုန်းဆက်ခေါ်လိုက်ပါမယ်

ဟုတ်ကဲ့ အချိန်မရွေးဖုန်းဆက်‌လိုက်ပါ ကျွန်မလာခဲ့ပါမယ်

ဟုတ်ကဲ့ ကောင်းပါပြီ

သူနာပြုဆရာမ က ရှောင်ကျန်တို့သားဖကို နှုတ်ဆက်ကု လူနာအခန်းထဲမှ ထွက်လာခဲ့သည်

ရိပေါ်အတွက် သီးသန့်ငှါးထားည့် special nurseမို့ အချိန်မရွေးခေါ်နိုင်သည်

ရိပေါ်ကို ရှောင်ကျန့်တို့သားဖ နှစ်ဦးက ဆေးရုံဆက်စောင့်ပေးနေသည်

လီရှောင်းလေးက ပင်ပန်းပြီး ရိပေါ်ကုတင်‌ဘေးရှိ လူနာစောင့် ကုတင်တွင်အိပ်နေပြီဖြစ်သည်

ရှောင်ကျန့်ကတော့ ခုံတစ်လုံးတွင် ထိုင်ကာ ဂနာမငြိမ်ပဲဖုန်းကောတစ်ခုကို စောင့်မျှော်နေမိသည်

ဟွားယု ထွက်သွားတာ ကြာပြီး ဖုန်းလဲမဆက် ဘာအကြောင်းမှ မကြားရသေးတာကြောင့်ဖြစ်သည်

လွှင့်မြောနေသည့် စိတ်ဝိဉာဉ် တစ်ခုက ဘယ်ဆီသို့ ရောက်နေမှန်းမသိ

ထိုစိတ်ဝိဉာဉ်အား ခဏတာပင်ပျော်ရွှင်မှု‌မပေးချေ သွေးမထွက်ပဲ ရင်ထဲက တစ်ဆစ်ဆစ်နာကျင်ရသော အခြေနေတစ်ခု

နင် နင် ငါ့သားကိုမခေါ်သွားနဲ့
ယူမီ နင်ငါ့သားကို မခေါ်သွားနဲ့

ကျန့်ကော ကျန့်ကော တားပါဦး ကျွန်တော်သားလေးကို သူတို့ခေါ်သွားကြပြီ အဟီး..ဟီး

Shadow off limitsWhere stories live. Discover now