မားမား ကျွန်တော် တို့ ဒီနေ့ အပြင်မှာ ညစာ စားဖို့ ချိန်းထားတယ် ကျန့်ကော ရဲ့သူငယ်ချင်း တွေနဲ့
ဟုတ်လား အေး သွားလေ ကလေး ကော ခေါ်သွားမှာလား
ဟုတ် မားမား
အေး အေး ကလေးကို မတည့်တာတွေ ကျွေးမနေနဲ့ဦး သေချာ ဂရုစိုက်ခေါ် သွားဦး
ဟုတ်ကဲ့ပါ မားမား
အမ ဒီဆိုင်မှာ ဂျုံခေါက်ဆွဲရလား မသိဘူး
ဟုတ်ကဲ့ ရပါတယ်ရှင့် ထိူင်ပါ
ဒါဆို ဂျုံခေါက်ဆွဲ အသား နဲ့ နှစ်ပွဲပေးပါနော်
ဟုတ်ကဲ့ ခဏလေးစောင့်ပါနော်
ဟုတ်ကဲ့
ယူမီက ညနေစာစားဖို့ အနားက ဆိုင်တစ်ဆိုင်ထဲ၀င်လိုက်သည်
နေရာသစ်ဖြစ်တာကြောင့် ဝီလျှံက ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေသည်
ယူမီက ဆိုင်ထဲ ဟိုကြည့်ဒီကြည့် ကြည့်နေတဲ့ ဝီလျှံကိုမေးလိုက်သည်
ဝီလျှံ ဗိုက်အရမ်းဆာနေပြီလား ခဏလေးစောင့်နော် မာမီ ခေါက်ဆွဲမှာထားတယ်
ဟုတ်ကဲ့ မာမီ ဟိုမှာ ရေးထားတဲ့ စာက ဘာလဲဟင်
အော် အဲ့တာလား 24 နာရီ စားသောက် ဆိုင်လို့ ရေးထားတာ
သားလေးက ငယ်ငယ်ထဲက နိုင်ငံခြားမှာ နေခဲ့တာ မို့လို့ တရုတ်စကား သိပ်ပြီးနားမလည်ဘူး
စကား အပြောလဲ မပီသသေးဘူး ကျွန်မ အချိန်ရရင် ရသလောက် သင်ပေးထားလို့ အခုလို ထိပြောနေနိုင်တာပဲ
ဟုတ်လား မာမီ
ဟုတ်တယ်
မှာထားတဲ့ ခေါက်ဆွဲရပါပြီ
ဟုတ်ကဲ့ ကျေးဇူးပါ ဝီလျှံ ဖြည်းဖြည်းစားနော် ပူကုန်မယ်
ဝီလျှံက ဗိုက်ဆာနေတာ မိူ့လို့ခေါက်ဆွဲ အပူတွေကို ကမန်းကတန်း စားလိူက်မိမှာ ယူမီ စိတ်ပူမိသည်
နင့် အဖေက နောက်ကျလိုက်တာ ငါ့ကိုကျတော့ စောစောပြင်ထားလေး ဘာလေးနဲ့
ဒယ်ဒီက အဲ့လိုမပြောဘူးထင်တာပဲ
နင်ဘာသိလို့လဲ လျှာရှည်ပြန်ပြီ ပါးစပ်ပိတ်ထား
YOU ARE READING
Shadow off limits
Fanfictionzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ