ဒေါ်လေး
ဟင် ပြောလေ လီရှောင်းလေး
ပါးပါးက ဘာလို့နေမကောင်းခဏခဏဖြစ်တာလဲဟင်
အော် လူက နေမကောင်းတဲ့အချိန်ဆိုတာရှိတယ် သားရဲ့ဆေးသောက်ပြီး သေချာအနားယူလိုက်ရင်ကောင်းသွားကော
ဟုတ်လား
ဒါပေါ့ လီရှောင်းလေးရဲ့ ပါးပါးကို ဆေးသောက်ဖို့ လီရှောင်းလေးက ပြောပေးရမယ်နော် ဒါမှနေမြန်မြန်ပြန်ကောင်းလာမှာ
ဟုတ်ကဲ့ ဒေါ်လေး သားပြောပေးပါမယ်
လိမ်မာလိုက်တာ ငါ့တူလေးက
ဘာတွေ လိမ်မာနေကြတာတုန်း ငါ့လဲပြောပြပါဦး
အကိုကြီး ပြန်လာပြီလား လက်ကကော အခြေနေဘယ်လိုလဲ
ဘာမှမဖြစ်ပါဘူး အပေါ်ယံပဲနည်းနည်းထိသွားတာပါ
ငါရိပေါ်အတွက် သူနာပြုငှါးထားပြီးပြီဟုတ်လား အဆင်ပြေတာပေါ့
အင်း ခဏနေရင် ရောက်လာလိမ့်မယ်
လီရှောင်းလေးက ရှောင်ကျန့်ရဲ့လက်ကိုကိုင်ကာမေးလိုက်သည်
ဒယ်ဒီ လက်ကို ပတ်တီးစည်းပေးလိုက်တာလားဟင်
ဟုတ်တယ် သားလေး ဒယ်ဒီ ဘာမှမဖြစ်ဘူးနော်
ဟုတ်ကဲ့ ဒယ်ဒီ
ရှောင်ကျန့်က လီရှောင်းလေးရဲ့ ခေါင်းကိုပွတ်သပ်ပေးလိုက်သည်
အော် အကိုကြီး ခဲအိုရဲ့ အ၀တ်စားတွေနဲ့ လိုအပ်တဲ့ ပစည်းတွေ ညီမလေး သွားယူပေးမယ်လေ
အင်း ရော့ ဒီမှာကားသော့
ဟုတ် အကိုကြီး သွားပြီနော်
အေး အေး ဂရုစိုက်သွားဦး
ဟွားယုက ရှောင်ကျန့်ဆီကနေ ကားသော့ယူကာ ထွက်သွားပြီဖြစ်သည်
ဟွားယုထွက်သွားပြီ မကြာမီ သူနာပြုရောက်လာခဲ့သည်
ဒီအခန်းက လူနာ၀မ်ရိပေါ်ရဲ့ အခန်းလား မသိဘူး
အော် ဟုတ်ပါတယ် ဆရာမ ကြွပါ ကျွန်တော် သူနာပြုခေါ်ထားတာပါ
ဟုတ်ကဲ့ပါ ရှင့်
ကျွန်တော် အပြင်ခဏသွားစရာရှိလို့ သွားလိုက်ပါဦးမယ် လူနာကို သေချာစောင့်ကြည့်ပေးထားပါနော်
YOU ARE READING
Shadow off limits
Fiksi Penggemarzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ