Ep.13

561 31 1
                                    

အကိုကြီး လာပြီလား လက်ထဲက ခေါင်းအုံးတွေက ဘာလုပ်မလို့လဲ

ငါတို့ ဒီမှာအိပ်မလို့လေ နင်က နင်ခေါင်းအုံးတွေ ယူပြီး အပေါ်မှာသွားအိပ်တော့

ရိပေါ်က ၀င်ပြောလိုက်သည်

မဟုတ်တာ ကျွန်တော့်အခန်း ကျွန်တော်ပြန်အိပ်မယ် ညီမလေးက ကိုယ့်အခန်းမှာပဲကိုယ်နေပါ

ရိပေါ် မင်းနေလဲကောင်းသေးတာမဟုတ်ပဲနဲ့ ထနိုင်ရဲ့လား

အင်း ရပါတယ်

ရိပေါ်က ကုတင်ပေါ်က ကုန်းရုန်းပြီးထ လာသည် အားမရှိတာကြောင့် မတ်တပ် မရပ်နိုင်ပဲ လဲကျသွားသည်

အား..

တွေ့လား ကိုယ်ပြောသားပဲ အခုတော့လဲပြီမလား

ရိပေါ်က ရှောင်ကျန့်ကို မျက်လူံးချင်းမဆုံပေ

ကဲ ဘာမှမပြောရင် ချီပြီကွာ

ရှောင်ကျန့်က ရိပေါ်ကိုပွေ့ချီလိုက်သည်

ဘာလုပ်တာလဲ လွှတ် ကျွန်တော့်ကို အောက်ချပေး

မချပေးနဲ့ ဒယ်ဒီ ပါးပါးက နေမ‌ကောင်းဘူး

လီရှောင်းလေး ပြောတာကြားတယ်နော်

ရိပေါ်လည်း ဘာမှပြန်မပြောပဲ ရှောင်ကျန့် ချီထားသည့်အတိုင်း လည်ပင်းဖက်ကာ လိုက်လာခဲ့သည်

အပေါ်ထပ် လှေကားထစ်တွေ တစ်ထစ်ခြင်းတက်နေရတာမို့လို့ ရိပေါ်လန့်ပြီး ရှောင်ကျန့်လည်ပင်းကို သေချာဖက်ထားမိသည်

ရိပေါ်တို့ အခန်းထဲရောက်တော့ ရှောင်ကျန့်က ကုတင်ပေါ်ကို ညင်သာစွာချပေးသည်

နားနေလိုက်ဦးနော် ကိုယ် အောက်ခဏဆင်းလိုက်ဦးမယ် ပြီးရင် လာခဲ့မယ်နော်

အင်း

ရိပေါ်စိတ်ထဲက ပြောလိုက်သည်

အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ မျက်စိကိုနောက်နေတာပဲ

ရှောင်ကျန့်က အောက်ထပ် ကလီရှောငိလေးဆီ သွားတာဖြစ်သည်

ကဲ လီရှောင်းလေးလဲ အိပ်ရမယ်နော် လာ အပေါ်တက်ရအောက်

Shadow off limitsWhere stories live. Discover now