ကိုယ့်ကိုတောင် ဂရုမစိုက်တတ်ဘူးလား အဲ့တာနဲ့များ ယောကျာ်း တစ်ယောက် မိန်းမတစ်ယောက်ယူထားသေးတယ်
ဟား ကလေးပါ အစစ်မွေးလိုက်သေးတယ်
ကိုယ့်ကိုအဲ့လို မပြောပါနဲ့
ဘာလဲ မှန်တာတွေပြောလို့ ခင်ဗျားက နာနေတာလား
မဟုတ်ဘူး ကိုယ်အဲ့အချိန်တုန်းက ယူမီနဲ့ မနေခဲ့ဘူးဆိုရင် အခုလိုမင်းနဲ့ တူတူရှိနေနိုင်မှာမဟုတ်ဘူး
ဘာလို့လဲ
ကိုယ်နဲ့မင်းနဲ့က ကလေးမရနိုင်ဘူးလေ အမေက မျိုးဆက်လိုချင်တယ် သူ့မျိုးဆက် ပြတ်ရင် ကိုယ်နဲ့မင်းကိုသဘောမတူဘူး ကိုယ်လည်း ရွေးစရာမရှိလို့ လုပ်ခဲ့ရတာပါ
ဟား ဟား ကောင်းလိုက်တဲ့ ဆင်ခြေပဲ
ခင်ဗျားဘာလို့အဲ့လို ရူးမိုက်တဲ့ လုပ်ရက်မျိုးလုပ်ရတာလဲဟမ်အဲ့လိုမိန်းမမျိုးနဲ့ မအိပ်ပဲ ကျွန်တော်တို့ နီးစပ်ဖို့နည်းလမ်းတွေ အများကြီးရှိတယ်လေ ခင်ဗျားရူးနေလို့ အဲ့လိုလုပ်ခဲ့တာလား
ခင်ဗျားအမေ သဘောမတူလဲကျွန်တော်တို့ ထွက်ပြေးလို့ရတယ်လေ မဟုတ်ဘူးလား
ကိုယ်သိပါတယ် ကိုယ်တို့ထွက်ပြေးပြီးရင် ဘယ်လိုဆက်နေကြမလဲ
မင်းက ငယ်ငယ်ထဲက ခက်ခက်ခဲခဲ ကြီးပြင်းလာခဲ့ရတာ မင်းကိုယူပြီး ပိုခက်ခဲအောင်ကိုယ်မလုပ်ချင်ဘူး
မင်းအခုလို ကောင်းကောင်းနေနေရတာ ပဲကိုယ်မြင်ချင်တယ်
ရိပေါ် ငယ်ငယ်ထဲက မိဘနှစ်ပါးဆူံးသွားခဲ့တာမို့လို့ အဖွားနဲ့နေခဲ့ရသည်
သာမာန်နယ်က ကျေးရွာလေးမှာနေတာဖြစ်ပြီး စားနိူင်သောက်နိုင်ရုံသာရှိသည်
ရိပေါ် အရွယ်ရောက်တော့ ပညာရေးအတွက် မြို့ကိုတက်လာခဲ့ရသည် uniတက်ရင်းအလုပ်လုပ်သည် ကိုယ့်အားကိုယ်ကိုးကာ ရုန်းကန်ခဲ့ရသည်
ထိုသို့ ရုန်းကန်ရင်း ရှောင်ကျန့်နဲ့တွေ့ကာ ချစ်မိသွားကြတာဖြစ်သည်
ရိပေါ်ရဲ့ ဘ၀အကြောင်းစုံကိုသိနေတဲ့ ရှောင်ကျန့်က ပိုပြီး နွေးထွေးစွာဆက်ဆံပေးခဲ့သည်

YOU ARE READING
Shadow off limits
Fiksi Penggemarzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ