ရှောင်ကျန့် စိတ်ထဲရှိသလောက် နံရံကို ထိုးပြီး အရုပ်ကြိုးပျက် နံရံကိုမှီကာထိုင် နေသည်
အားနဲ့ထိုးထားတာကြောင့် လက်တစ်ခုလုံးလဲ သွေးထွက်နေပြီး အရိုးကြေမတတ်ဖြစ်နေသည်
ရိပေါ် ကိုယ်တောင်းပန်ပါတယ် အဟီး...ဟီး..ဟီးး ကိုယ့်ကိုမထားခဲ့ပါနဲ့နော် ကိုယ် ကိုယ်လေ မင်းမရှိရင် မနေနိုင်ဘူး
ရိပေါ်က ရှောင်ကျန့် ရှေ့ ဒူးထောက်ထိုင်ကာပြောလိုက်သည်
နောက်ကျသွားပြီ အရာအားလုံးနောက်ကျသွားပြီလို့ ကျွန်တော် ကျွန်တော်က ဘာလဲ ခင်ဗျားအတွက်ဘာလဲ
ကျွန်တော်ကို အရူးတစ်ယောက်လို သဘောထားပြီး ညာခဲ့တာလား ဟမ်
ဒီအခြေနေကို ကျွန်တော်ဘယ်လို ကျော်ဖြတ်ပြီးနေရမှာလဲ ဟမ် သားလေးကိုကော သူမေးရင်ကော ကျွန်တော်ဘယ်လိုဖြေရမှာလဲ
မင်း အဖေရဲ့ မယားငယ်နဲ့ သူ့သားလို့ ဖြေရမှာလား အဟီး..ဟီး
ကိုယ်မှားပါတယ် အဲ့အတွက်ကိုယ်ပြန်ပေးဆပ်မှာပါ မင်းက အဲ့ဒါတွေကို ဖြေရှင်းဖို့ အချိန်ခဏတော့ပေးပါနော်
ကိုယ့်ကိုယုံပေးပါကွာ
ဟားဟား ဘယ်လိုယုံကြည်ရမှာလဲ ဟင် ထပ်ပြီး မယားတစ်ယောက် ယူဦးမှာလား
ကျွန်တော် ကျွန်တော် သေချင်တယ် သိလား အဟီး ..ဟီးး
ရိပေါ်ငိုနေတာကို မကြည့်ရက်တဲ့ ရှောင်ကျန့်က ရိပေါ်ကို ပွေ့ဖက်ထားကာ သူ့ပုခုံးပေါ်မှာ မှီစေခဲ့သည်
ကိုယ်တောင်းပန်ပါတယ်
ရှောင်ကျန့်က ရိပေါ်ကျောကုန်းကို ပုတ်ကာနှစ်သိမ့်ပေးသည်
ရှောင်ကျန့်လက်က သွေးထွက်နေတာကြောင့် ရိပေါ်အကျီမှာ သွေးစွန်းကုန်သည်
ရှောင်ကျန့် ပုခုံးပေါ် ရိပေါ်က မျက်စိစုံမှိတ်ကာ နာကျင်ရမျှ ငိုချတော့သည်
အဟီး...ဟီးးးး အရမ်းချစ်ရင် အရမ်းနာကျင်ရတယ် ဆိုတာ ဒီလိုမျိုးလား
ကိုယ်တောင်းပန်ပါတယ် မင်းကိုနာကျင်အောင်လုပ်မိပြီ
မပြောနဲ့ မပြောနဲ့ ကျွန်တော့်ရဲ့ကံပါပဲ အဟင့်...ဟင့်

YOU ARE READING
Shadow off limits
Fanficzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ