ရိပေါ်သတိရလာသည်ကို သုနာပြုမှတစ်ဆင့် အကြောင်းကြားလိုက်သည်
ဒေါက်တာက ရိပေါ်ကိုမေးသည်ဒါကဘယ်နေရာလဲ သိလားကောင်လေး
ဟုတ်ကဲ့ သိပါတယ် ဒါကဆေးရုံပါ
ဟုတ်ပါပြီ ဒီဘေးကလူကိုကောသိလား
ဒေါက်တာက xzကိုလက်နဲ့ညွှန်ပြကာ ရိပေါ်ကို မေးလိုက်သည်
ဟုတ်ကဲ့ သိပါတယ် သူက ကျွန်တော့် အမျိုးသားပါ
ဟုတ်ပြီ မှန်တယ် ဒီကလေးလေးကိုကောသိလား
ဒေါက်တာက လီရှောင်လေးကို လက်ညှိုးထိုးပြကာမေးလိုက်သည်
ဟုတ် သိပါတယ် သူက ကျွန်တော့်သားလေး လီရှောင်းပါ
ဟုတ်ပါပြီ ဒီလောက်ဆိုရင် လူနာရဲ့အခြေနေကပုံမှန်ပဲလို့ပြောလို့ရပါတယ်
ဒေါက်တာက ရိပေါ်ကို လိုအပ်တဲ့ကုသမှုတွေပေးကာ ပြန်သွားသည်
ဒေါက်တာက ရိပေါ်နဲ့အခြေနေနဲ့ပတ်သတ်ပြီး ဆွေးနွေးရန် အတွက် ရှောင်ကျန့်ကို ဒေါက်တာအခန်းသို့ လာရန်ပြောခဲ့သည်
ရိပေါ်ကတော့ မျက်စိေလးေပကလပ်ေပကလပ်နဲ့ ရှောင်ကျန့်ကိုသာကြည့်နေသည်
ရိပေါ် မင်းမုန့်စားမလား ကိုယ်ဟိုနေ့က သားလေးနဲ့တူတူသွားပြီး မုန့်တွေ၀ယ်လာခဲ့တာ
အင်း
ရှောင်ကျန့်က ရိပေါ်လက်ထဲ ကိတ်မုန့်တစ်ခုကို ထည့်ပေးလိုက်သည်
ရိပေါ်စားနှင့်လိုက်နော် ကိူယ်ဒေါက်တာနဲ့ စကားခဏသွားပြောလိုက်ဦးမယ် ပြီးရင်ပြန်လာခဲ့မယ်
အင်းပါ
ရှောင်ကျန့်က လက်နှစ်ဖက်ကို ပွတ်တိုက်ကာ စိတ်လှုပ်ရှားမှုကိုဖြေလျော့နေသည်
စိတ်အေးအေးထားပါ လူနာ၀မ်ရိပေါ်က ကြီးကြီးမားမား စိုးရိမ်စရာမျိူးမရှိပါဘူး
ဒါဆို ရိပေါ်က ဘယ်လိုဖြစ်တာလဲ ဒေါက်တာ သူ သတိရလာတုန်းက သူ့ပုံက မူမမှန်ဘူး တခြားသူတစ်ယောက်လိုပဲ
ဟုတ်ကဲ့ပါ ဒါက ထိတ်လန့်စရာအခြေနေကို ရင်ဆိုင်ခဲ့ရတဲ့လူနာတွေမှာ ဖြစ်တတ်ပါတယ်
YOU ARE READING
Shadow off limits
Fiksi Penggemarzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ