ရှောင်ကျန့် နဲ့ ရိပေါ်တို့ ကောင်တာ က ကောင်မလေး ညွှန်ပေးသည့် အတိုင်း အပေါ်ထပ်ရှိ အခန်း 7သိူ့လာခဲ့သည်
အခန်းထဲရောက်သည် နှင့် ယိယိတို့ အတွဲက ၀မ်းသာစွာကြိုဆိုကြသည်
ရောက်လာပြီလား လာကြလေ ကျန့်ကျန့် နင်ဟိုဘက်မှာ ထိုင် ရိပေါ် ငါ့နားကိုလာခဲ့
ယိယိက သူ့အနားမှာ ရိပေါ်ကိုထိုင်ခိုင်းတာ ဖြစ်သည်
ရှောင်ကျန့်က ရိပေါ်ကို ပိုင်ပိုင်နား သွားခိုင်းလိုက်သည်
အော် အေး ရိပေါ် မင်းဒီဘက်ကို လာလိုက် လီရှောင်းလေးက ဒယ်ဒီ ဆီကိုလာ
ကဲ ဘာမှာကြမလဲ ကြိုက်တာမှာစားကြနော် ဒီနေ့ ပိုင်ပိုင်က ဒကာ ခံလိမ့်မယ် အ၀သာမှာစားကြ
ရိပေါ် မင်းဘာစားမလဲ
ရတယ် ကျန့်ကော အဆင်ပြေတာပဲ မှာလိုက်ပါ
အယ် မဟုတ်တာ ရိပေါ် ငါတို့ကို အားမနာနဲ့နော် မင်းကြိုက်တာမှာစား ညီအစ်ကိုတွေလိုပဲ သဘောထား ဟုတ်ပြီလား
ဟုတ် ဟုတ်ကဲ့ပါ
သားလေးက ချစ်ဖို့ကောင်းလိုက်တာ ရိပေါ်နဲ့ တူလို့နေမယ်
အာ မဟုတ်တာပဲ ဟီး
ဟုတ်ပါတယ် ကျန့်ကျန့်ထက်ငါညီေလးက ပိုချောတယ်
ယိယိ စကားကြောင့် ရှောင်ကျန့်က ချောင်းတစ်ချက်ဟန့်လိုက်သည်
အဟမ်း ဟမ်း
ရိပေါ်က ယိယိကို သွားအဖြီးသားနဲ့ ပြုံးပြလိုက်သည်
ဟီး ဟီး ကျေးဇူးတင်ပါတယ် အကိုယိ
လီရှောင်းလေးကော ဘာစားမလဲ
အသားကင် စားချင်တယ်
အသားကင်လား ဟုတ်ပြီ ပါးပါး မှာပေးမယ်နော်
အမလေး ချစ်ဖို့ကောင်းလိုက်တာ မင်းတို့ သားဖကိုကြည့်ရတာ ငါတောင် ကလေးယူချင်စိတ်ပေါက်လာပြီ
အဟမ်း မင်းလက်ထပ် မထပ်ရသေးဘူး ကလေးက လိုချင်နေပြီလား
တော်စမ်း ကျန့်ကျန့်စုတ် ငါက စကားအဖြစ်ပြောတာကို

YOU ARE READING
Shadow off limits
Fanfictionzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ