ဝှါး ကုတင်အကြီးကြီးမှာ အိပ်ရလို့လားမသိဘူး အိပ်လို့ကောင်းလိုက်တာငါ့သားလေး နိုးပြီလား မသိဘူး သွားကြည့်လိုက်ဦးမယ်
ယူမီက အောက်ထပ်က အခန်းလွတ်တစ်ခုမှာ အိပ်တာဖြစ်ပြီး ဝီလျှံ က ရှောင်ကျန့်အမေနဲ့ တူတူအိပ်သည်
ဒေါက် ဒေါက် အမေ အမေ
အေး ၀င်လာခဲ့
ဟုတ် အမေ
ဝီလျှံ နိုးပြီလား
မနိုးသေးဘူး ကလေးက ပင်ပန်းနေလို့ ထင်တယ် အိပ်ပျော်နေတယ် အိပ်ပါစေ မနှိုးပါနဲ့ဦး
ငါအခုဈေးသွားတော့မှာ နင်အိမ်မှာအေးဆေး နေခဲ့ဦးနော် ဘာပြသနာမှမရှာနဲ့
စိတ်ချပါ အမေရဲ့ သမီး ဘာပြသနာမှမရှာပါဘူး သူတို့ဘက်က မစရင်ပေါ့
ငါသွားတော့မယ် ကလေးနိုးလာရင် မုန့်ကျွေးလိုက်ဦး မီးဖိုချောင်မှာ မုန့်တွေရှိတယ်
ဟုတ်ကဲ့ အမေ
ရှောင်ကျန့်အမေက ယူမီကို ပြောစရာရှိတာပြောပြီး ဈေးသွားတော့သည်
ယူမီက မျက်နှာသစ်ရေချိုးရန် ရေချိုးခန်းသို့ ထွက်လာခဲ့သည်
ဟူး မိူးလင်းတာနဲ့ မမြင်ချင်တဲ့ မျက်နှာတွေ တွေ့နေရပါလား ကျက်သရေမရှိလိုက်တာ
ယောက်မလေး ဘယ်လိုပြောလိုက်တာလဲ
ကြားတဲ့အတိုင်းပဲလေ ပြောလိုက်တဲ့အထဲမှာ ရှင့်နာမည်ပါလို့လား ပြီးတော့ ကျွန်မ ကိုယောက်မလေးလို့ ခေါ်စရာမလိုဘူး
နင် နင် ငါ့ကိုပြောနေတာ ငါသိတယ်နော်
မကျေနပ်လဲ သေလိုက်လေ
ဟွားယုက နဲ့ ယူမီစကားများပြီး ဟွားယုက အရင်ရေချိုးခန်းထဲ၀င်သွားသည်
ယူမီက ဟွားယုကို ဒေါသထွက်ကာ ကျန်ခဲ့သည်
တောက်စ် ဒီကောင်မလေးကတော့ နင်နဲ့တစ်ရက် တွေ့မယ် စောင့် ကြည့်နေလိုက်
မာမီ
အော် သားလေး နိုးပြီလား
ဟုတ် မာမီ သားဘယ်မှာ ရှူးပေါက်ရမှာလဲဟင် ရှူးပေါက်ချင်လို့
YOU ARE READING
Shadow off limits
Fanficzhanyi fan fiction ဖြစ်ပါတယ် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ စိတ်ကူးသပ်သပ်ပါ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက် စေလိုခြင်းမရှိပါ