Ep.18

695 46 5
                                        

ဒေါက်တာ လူနာက စိုးရိမ်ရတဲ့ ‌အခြေနေရှိလား

မရှိပါဘူး လူနာက အားနည်းလို့ မေ့လဲသွားတာပါ စိတ်ဖိအားလည်းအရမ်းများနေတယ်

လူနာကို ကောင်းကောင်းအနားယူခိုင်းဖို့ လိုပါတယ် ဒီရက်ပိုင်းတော့ ဆေးရုံမှာပဲ ကုသမှုခံယူစေချင်ပါတယ်

လူနာရှောင်ကျန့်က လက်ကို ဓာတ်မှန်ရိုက်ဖို့ လာခဲ့ပေးပါ

ဟုတ်ကဲ့ပါ ဒေါက်တာ ကျွန်တော် လာခဲ့ပါမယ်

ဒေါက်တာက ရှောင်ကျန့်ကို ခေါင်းငြိမ့်ပြပြီး ထွက်သွားတော့သည်

ရှောင်ကျန့်က ရိပေါ်လက်ကို ကိုင်ကာ စိတ်ထဲမှပြောလိုက်သည်

ရိပေါ် မင်းသတိရလာပါတော့

ဟွားယု နင်လီရှောင်းလေးကို ကြည့်ထားဦး ငါဓာတ်မှန်ရိုက်ဖို့ သွားလိုက်ဦးမယ်

ဟုတ် အကိုကြီး စိတ်ချပါ သေချာကြည့်ထားလိုက်ပါမယ်

ဒယ်ဒီ အဟင့် ဟင့် သားလိုက်လို့မရဘူးလားဟင် ဘယ်ကိုသွားမှာလဲ သားကိုထားခဲ့မှာလား

လီရှောင်း‌လေးက ရှောင်ကျန့်ခြေထောက်ကို ဖက်ကာ ငိုပြီးပြောနေသည်

ရှောင်ကျန့်က လီရှောင်းလေးကို ကောက်ချီလိုက်သည်

မဟုတ်ပါဘူး သားလေးရဲ့ ဒယ်ဒီက လက်ကို ဆေးကုဖို့သွားမှာ ပြီးရင်ပြန်လာမှာလေ

ဒီမှာ သား ဒေါ်လေးလဲ ရှိတယ် ပါးပါးလဲ ရှိတယ် နေခဲ့နော်

ဒယ်ဒီက တကယ်ပြန်လာမှာလား

တကယ်ပေါ့ မငိုနဲ့တိတ်တော့ ဒယ်ဒီ သွားတော့မယ် ဒေါ်လေးနဲ့ နေခဲ့မယ်မလား

ဟုတ်

လိမ်မာလိုက်တာ မွ မွ

ရှောင်ကျန့်က လီရှောင်းလေးကိုနမ်းပြီး အောက်ချပေးကာ ဓာတ်မှန်ခန်းကို ထွက်သွားတော့သည်

အဲ့ကောင်ကို အဲ့လိုလုပ်မှဖြစ်မှာ သူက အကို အားကိုးနဲ့လူပါး၀ နေတာ

ညည်းပါးစပ် ပိတ်ထားစမ်းပါ စိတ်ညစ်ရတဲ့ထဲ ဟိုကောင် ကျန့်ကျန့်ပြန်လာရင် ဘယ်လိုလုပ်ဦးမလဲမသိဘူး

Shadow off limitsWhere stories live. Discover now