" The Rainow of Gay's Law '' Part ( 3 )

103 10 1
                                    

" The Rainbow of Gay's Law ''
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

         🏘🏘     အခန်း ( ၃ )     🏘🏘

  " အမေရေ သားကျောင်းသွားပြီး ''

             ရေးကြီးသုတ်ပျာနှင့် ပြောပြီးပြေးထွက်သွားသူကတော့ မောင်ဝသုန်ဦးပါ။ ဟုတ်ပါသည် ဝသုန်ဦးတစ်ယောက် မနေ့ကလည်း ကျောင်းမတက်ခဲ့ရသဖြင့် စာတွေပြန်ကူးယူဖို့ သူငယ်ချင်းတွေနဲ့ ဒီကနေ့မနက်မှာ ကျောင်းမှာတွေ့ဖို့ ချိန်းဆိုထားတာပါ။ အဲ့တာကြောင့်လည်း ဝသုန်ဦးတစ်ယောက် အလျင်စလိုဖြစ်နေတာပါ။

             ဝသုန်ဦးသည် ဦးကျော်ကျော်ဦးနှင့် ဒေါ်မိုးမခတို့၏ သားငယ်လေးဖြစ်သည်။ဝသုန်ဦးအထက်မှာတော့ အစ်မဖြစ်သူ မဟေမာန်ဦး ရှိပါသည်။ ဝသုန်ဦးသည် အငယ်လေးတစ်ယောက်ဖြစ်သလို မိသားစုမှာ အနိုင်ယူဗိုလ်ကျချင်သော ကောင်လေးတစ်ယောက်လည်း ဖြစ်နေလေတော့သည်။ အစ်မဖြစ်သူနှင့်လည်း မကြာခဏဆို ရန်ဖြစ်လိုက်နဲ့ ပြန်တည့်လိုက် ခဏခဏဖြစ်ကြလေတော့သည်။ အခုတောင် တက္ကသိုလ်ကျောင်းသား တတိယနှစ် ရောက်နေပြီး အနိုင်ယူကာ ဆိုးကောင်းတုန်း၊ ရေကြီးသုတ်ပျာ နိုင်တုန်း အဲ့လိုဂုဏ်ပုဒ်တွေကို ရယူထားတဲ့ ကောင်လေးတစ်ယောက်ပါ။

            ဝသုန်ဦးတစ်ယောက်ကျောင်းသို့စောစီးစွာ ရောက်လာလေတော့သည်။ မနေ့ကသင်ကြားခဲ့သော စာများကို ကူးယူဖို့ဖြစ်လေသည်။ သူငယ်ချင်းဖြစ်သူ မောင်မြတ်မင်းနှင့် မောင်ကောင်းထက်တို့ အလာကို ကြိုပြီးစောင့်နေခြင်းပါ။ ဝသုန်ဦးတစ်ယောက် ကျောင်းရောက်ပြီး ဆယ်မိနစ်ခန့်အကြာမှာတော့ သူငယ်ချင်းနှစ်ယောက်လည်း ရောက်လာပါတော့သည်။

" ကြာလိုက်တာ မင်းတို့ကလည်း '' ဝသုန်ဦးကပြောလေသည်။

" ဟာ ငါတို့လည်း လာနေတာဘဲလေ ခြေထောက်မှာ ဘီးကမှမပါတာ '' ကောင်းထက်ကပြောလေသည်။

" အေးပါ မနေ့ကဆရာမသင်လိုက်တာတွေ ပေးကူးတော့ ''

" အေးပါကွာ မောင်မင်းကြီးသားရယ် '' မြတ်မင်းကပြောလေတော့သည်။

  " ဆရာမက စာသင်တာနည်းလှချည်လား ''

" အေးလေ အဲ့တော့မင်းအတွက် မကောင်းဘူးလား ပြန်ကူးရတာနည်းတော့ ''

" The Rainbow of Gay's Law " ( Completed )Tempat cerita menjadi hidup. Temukan sekarang