" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈⛳ အခန်း ( ၈ ) ⛳
ဝသုန်ဦးတစ်ယောက် ကျောင်းနားရက်မို့ သူငယ်ချင်းတွေနဲ့အတူ စျေးဝယ်ထွက်လာကြလေသည်။ အိမ်အတွက်လိုတာလေးလည်း ဝင်ဝယ်ရင်း သူ့အတွက်လည်း ဘာလေးညာလေးကြည့်ရင်းနှင့်ပေါ့။
" ဝသုန် ''" အေး ပြောမြတ်မင်း ''
" ပစ္စည်းတွေဝယ်ပြီးရင် ငါတို့ အအေးသွားသောက်ရအောင် Sky way မှာ ''
" အေး မဆိုးဘူး ကန်ဘောင်နဲ့လည်း နီးတယ်လေ ''
" အေး ကောင်းထက် မင်းကရော ဘာတွေဝယ်နေတာလဲ မပြီးတော့ဘူး ရွေးနေတာ မိန်းမကြီးကျနေတာဘဲ ''
" ပိုက်ဆံပေးဝယ်တာဘဲ မြတ်မင်းရာ ကိုယ်ကြိုက်တဲ့ဟာ ယူမှာပေါ့ ''
" ရွေးတာလည်းရွေးတာပေါ့ အရမ်းဂျီးများနေတာမင်းက ''
" မင်းကရော ဘာထူးလို့တုန်းဝသုန် အစားစားရင် ဘာလေးညာလေးနဲ့ ''
" မတူဘူးလေ အဲ့တာကအစားအသောက် ''
" ဘာမတူရမှာလဲ အတူတူဘဲ ''
" ကဲပါ တူတာတွေမတူတာတွေနောက်ထား လောလောဆယ် မြန်မြန်ယူ ပြီးရင်သွားမယ် ''
" အေး အေး ''
ထို့နောက် သုံးယောက်သား လိုအပ်တာလေးတွေဝယ်ပြီး Sky Way ဆီသို့ထွက်လာခဲ့လေတော့သည်။
" ညီရေ ကိုယ့်ကို Strawberry Shake တစ်ခွက် မချိုဘူးနော် '' ဝသုန်ဦးက မှာလေသည်။
" ကိုယ်ကတော့ ကီဝီသီးဖျော်ရည် '' ကောင်းထက်ကပြောလေသည်။
" ကိုယ်ကိုတော့ Ice Green Tea ဘဲပေးပါ ''
သောက်စရာများအား အသီးသီးမှာကြလေတော့သည်။ Sky Way သည် နာမည်ကြီးသော ဆိုင်လေးတစ်ဆိုင်ပါ။ အရသာကောင်းမွန်ခြင်း၊ စျေးနှုန်းသင့်တင့်ခြင်း၊ နေရာရှူခင်းကောင်းခြင်းတို့ကြောင့်နှင့်လည်း နာမည်ကျော်လှပေသည်။ နာမည်ကျော်ကြားခြင်းနှင့်အတူ လူဝင်လည်းများပေသည်။ လူပြတ်သည်ဆို၍ မရှိသလောက်ရှားပါသည်။ လူများသလောက်လည်း လူမျိုးစုံ စရိုက်စုံတွေ့ရပေသည်။ အခုလည်း ဝသုန်ဦးတို့ရဲ့ နောက်တစ်ဝိုင်းက အရမ်းကိုအသံကျယ်သော လူသုံးယောက်ထိုင်နေကာ စားသောက်နေကြသည်။ အတော့်ကို ယဥ်ကျေးမှု မရှိသော လူငယ်လေးများကဲ့သို့ အသံကျယ်လောင်စွာနဲ့ပြောဆိုနေကြပြီး သူတို့ကြိုက်တဲ့ ကောင်မလေးအကြောင်းကိုလည်း ပြောနေကြသလို သူတို့မကျေနပ်တဲ့ကောင်လေး အကြောင်းလည်းပြောနေကြတာ သူတို့အထင်သားကြားနေရ မြင်နေရပေသည်။
ESTÁS LEYENDO
" The Rainbow of Gay's Law " ( Completed )
Fantasía21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...