" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈
အခန်း ( ၁ )
ဆောင်းဦးကာလ၏အေးချမ်းသောလေပြေလေးတွေက နူးညံံ့စွာတိုက်ခတ်နေတာထက်တော့ပိုလိမ့်မည်ထင်ပါသည်။ အေးချမ်းနေသောလရာသီလေးမှာ လူတွေကတော့ နွေးထွေးစွာမိသားစုတွေနှင့်အတူ ကြည်နူးစရာကောင်းသောမိသားစုဘဝလေးကိုတည်ဆောက်နေပေသည်။ သို့သော်လည်း အခုလိုရာသီမျိုးမှာ လူအချို့ကတော့ ရာသီဥတုရဲ့ ဒဏ်ကို အံတုရင်း ပန်းခြံကြီးရဲ့တစ်နေရာမှာ စုဝေးရောက်ရှိနေကြလေသည်။ ။ထိုလူစုလူဝေးကြီးသည် တက်ညီလက်ညီနှင့် စုဝေးနေကြရသည့်အကြောင်းအရင်းတစ်ခုကရှိနေပါလေသည်။ ထိုလူစုလူဝေးတွင် ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ ငယ်သူ၊ လူရွယ် မျိုးစုံပါဝင်ကြလေသည်။ ထိုသူတို့သည်လည်း အဖြူရောင်ဝတ်စုံကိုသာ တူညီစွာဝတ်ဆင်ထားကြ၍ လက်ထဲ၌လည်း အဖြူရောင်နှင်းဆီပန်းလေးတွေကို ကိုင်ထားကြပေသည်။ ။
ပန်းပွင့်လေးများသည် အစည်းလိုက်၊ တစ်ပွင့်၊ နှစ်ပွင့် အမျိုးမျိုးနှင့် ဖော်ဆောင်ထားကြပေမဲ့ အားလုံးသည် အဖြူရောင်နှင်းဆီးပန်းလေးသာဖြစ်နေခြင်းပါ။ ထိုပြီးစိတ်ဝင်စားစရာကောင်းတာက ထိုပန်းလေး၏ရိုးတံလေးမှာတော့ သက်တံံံ့ရောင်ဖဲပြားကြိုးလေးများကိုလည်း ချည်နှောင်ထားကြလေသည်။ ။
ထိုလူစုလူဝေးကြီးသည် စည်းရုံးစွာနှင့် တစ်ယောက်ကိုတစ်ယောက် လက်တွဲချိတ်လျှက် အလံ့ကြီးတစ်ခုကိုလွှင့်ထူထားသောနေရာလေးတစ်နေရာကိုစုဝေးရောက်ရှိလာကြလေတော့သည်။ သူတို့၏မျက်ဝန်းတွင် လွမ်းမောဖွယ်ရာ၊ တစ်စုံတစ်ယောက်ကို ဆုံးရှူံးရလို့ နာကျင်ခံစားနေရသောအရိပ်အယောင်တို့ကို ပေါ်လွှင်နေလေသည်။ ။
ထိုအချိန်တွင် ထိုပန်းခြံကြီးထဲသို့ သားအဖနှစ်ဦးဖြစ်ဟန်တူသည့် လူကြီးတစ်ယောက်နဲ့ အသက်ကိုးနှစ်သားခန့်ရှိသော ကောင်လေးတစ်ယောက်တို့သည် ဝင်ရောက်လာကြလေသည်။ သူတို့၏လက်ထဲ၌လည်း အဖြူရောင်နှင်းဆီးပန်းကလေးနှင့်အတူ အဖြူရောင်ဝက်ဝံရုပ်လေးတစ်ရုပ်ကိုလည်း ကိုင်ဆောင်လာကြလေသည်။
ESTÁS LEYENDO
" The Rainbow of Gay's Law " ( Completed )
Fantasía21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...