" The Rainbow of Gay's Law '' Part ( 13 )

59 6 1
                                    

" The Rainbow of Gay's Law ''

            အခန်း ( ၁၃ )

        ဝသုန်ဦးတို့အုပ်စုလေးဟာ Natural Park လေးမှာ ညဘက်ပျော်ရွှင်စွာ အနားယူနေကြလေတော့သည်။ ခြံထွက်စစ်စစ် စပျစ်ဝိုင်နှင့် စတော်ဘယ်ရီတို့ကို အချိုးစားကျကျဖော်စပ်ထားသော ဝိုင်လေးနှင့် သောက်စားကာ စကားပြောနေကြလေတော့သည်။ ချောင်းပုဇွန်ကင်၊ ချောင်းငါးကင်လေးတွေလည်း ပါသေးတော့ ဟန်ကျနေလေတော့သည်။ အားလုံးကိုယ်စီလည်း ရီဝေဝေလေးတော့ ရှိလာပြီး စကားလေးတွေလည်း အနည်းငယ်မြူးလာကြလေပြီး။ သိတဲ့အတိုင်းဘဲလေ မူးလာလျှင် စကားတွေက ရင်ထဲကအတိုင်း ထွက်လာတာတဲ့လေ။

" ကိုဝသုန်ဦး ညီမတစ်ခုမေးမယ် ရမလား ''

" မေးလေဖြူနု ''

" ကိုဝသုန်ဦး စိတ်မဆိုးရဘူးနော် ''

" အင်းပါ မေးပါ ''

" ကိုဝသုန်ဦးက လိင်တူစိတ်ဝင်စားတာလား ''

" ဟင် ကိုယ့်ပုံက အခြောက်ပုံ ပေါက်နေတာလား ''

" မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး အခြောက်တစ်ယောက်နဲ့ လိင်တူစိတ်ဝင်စားတဲ့လူနဲ့ ကွာသေးတယ် ညီမမေးတာက ကိုဝသုန်ဦးက လိင်တူစိတ်ဝင်စားတာလား ''

" အေးလေ မင်းကလည်း အခြောက်မှ ယောင်္ကျားလေးချင်း စိတ်ဝင်စားတာမှ မဟုတ်တာ အခုခေတ်ကြီးမှာ အတွေးမြင် မြင့်မြင့်ထားစမ်းပါ '' မြတ်မင်းက ပြောလေတော့သည်။

" ကွာလို့လားဟ ''

" ကွာတယ်လေဟာ အခြောက်တစ်ယောက်က သူယောင်္ကျားလေးစိတ်ဝင်စားတယ် ဒါပေမဲ့ သူ့စိတ်က လုံးဝမိန်းမစိတ်ကွာ အမျိုးသမီးတစ်ယောက်လိုဘဲ နေချင်တာ သူ့ဘဝကို အမျိုးသမီးတစ်ယောက်အနေနဲ့ဘဲ ဘဝကို ဖြတ်သန်းချင်တာ လိင်တူစိတ်ဝင်စားတဲ့ Gay ကျတော့ အဲ့လိုမဟုတ်ဘူးလေ ''

" ဘယ်လိုလဲ ''

" အေးကွာ ယောင်္ကျားချင်း စိတ်ဝင်စားတာတူတယ် ဒါပေမဲ့ သူ့ကအဲ့ယောင်္ကျားလေးတစ်ယောက်ကိုဘဲ စိတ်ဝင်စားတာလည်း ဖြစ်နိုင်သလို အခြားယောင်္ကျားလေးတွေလည်း စိတ်ဝင်စားနိုင်တယ်ကွာ ဒါပေမဲ့ သူက သူ့ဘဝကို မိန်းမမဆန်ဘူး မိန်းမလို မနေဘူး ပုံမှန် ယောင်္ကျားလေးတစ်ယောက်လိုဘဲ နေရတာကြိုက်တယ် ယောင်္ကျားလေးတစ်ယောက်ရဲ့ စိတ်နဲ့ဘဲ ရှင်သန်တယ်ကွာ အဲ့တာကွာတယ် အဲ့တာကိုတော့ အခုခေတ်စကားအရတော့ Gay ပေါ့ကွာ ''

" The Rainbow of Gay's Law " ( Completed )Where stories live. Discover now