" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈အခန်း ( ၂၈ )
ပန်းရောင်ခြယ်၊ ဖြူနုသွေး၊ အေးချမ်း၊ အောင်သူရ၊ ကောင်းထက်၊ မြတ်မင်းတို့ အားလုံး ကိုယ်စီ ပန်းရောင်ခြယ်တို့အိမ်လေးကို ရောက်ရှိနေကြလေတော့သည်။ မပါတာဆိုလို့ ဝသုန်ဦးနှင့် စစ်မင်းဟုန်ပါ။ သူငယ်ချင်းတွေအတွက် စိတ်ပူနေကြသလို တော်ဝင်မိသားစုရဲ့ အဆုံးအဖြတ်က ဒီနေ့သတင်းလွင့်မှာမို့ သူတို့လိုပင် ပြည်သူတွေအားလုံးက စိတ်ဝင်စားနေကြလေတော့သည်။
" ပန်းရောင်ရယ် သတင်းကို သိချင်လွန်းလို့သာ နားထာင်ဖို့ လာစောင့်နေတာ ရင်ထဲမှာတော့ တလှပ်လှပ်နဲ့ဟယ် '' ဖြူနုသွေးကပြောလေတော့သည်။
" ငါတို့လည်း အတူတူပါဘဲဟာ '' အေးချမ်းကပြောလေတော့သည်။
" ဝသုန်ဦးတို့ မိသားစုကိုရော ဘယ်လိုလုပ်မှာလဲဟင် '' ပန်းရောင်ခြယ်ကမေးလေတော့သည်။
" အဲ့တာတော့ ဘယ်သိပါ့မလဲ သားကလည်း မင်းသလေးရဲ့ချစ်သူ အမေကလည်း ပြစ်မှုပါအားပေးသလိုဖြစ်ခဲ့တော့ '' ကောင်းထက်ကပြောလေတော့သည်။
" ဇာတ်လမ်းအရဆို မင်းတရားကြီးလည်း လွန်ခဲ့တာဘဲ '' အောင်သူရကပြောလေတော့သည်။
" ဘုရင်ကို ဘယ်သူကတားမြစ်လို့ ရရိုးလဲကွာ '' မြတ်မင်းကပြောလေတော့သည်။
ထိုအချိန်တွင် တော်ဝင်မိသားစုရဲ့ သတင်းတက်လာလေတော့သည်။
" မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေကြောင်း ဦးစွာပထမ တောင်းဆုမေတ္တာပို့သပါသည်ရှင်.... ''
" ပန်းရောင် အသံလေးနည်းနည်း တင်ပေးပါဦး ''အိမ်တိုင်းလိုလို အခုသတင်းကို နားထောင်နေကြလေတော့သည်။ စိတ်ဝင်အစားဆုံး သတင်းဖြစ်၍ အပ်ကျသံပင်မှ မကြားရပေ။
" တော်ဝင်မိသားစု၏ အလိုတော်အရ မင်းတရားကြီး မိန့်တော်မူသည်မှာ ကြေညာချက်အမှတ်စဥ်တစ် အိမ်ရှေ့ဥပရာဇာဖြစ်သော အိမ်ရှေ့စံမင်းသားအား လုပ်ကြံမှုသည် ပြင်းလေသော ရာဇဝတ်မှုမြောက်ကြောင်းနှင့် နောက်တစ်ချိန်တိုင်းပြည်ရဲ့ ဥသျှောင်ဖြစ်မဲ့သူအား လုပ်ကြံသောကြောင့် လုပ်ကြံသူ အပါးတော်မြဲ အမြဲတမ်းအတွင်းဝန်မင်း ဦးသီလအားပြစ်မှုထင်ရှားသဖြင့် တော်ဝင်ဥပဒေအရ သေဒဏ်ပေးလိုက်သည်။ သူ၏မိသားစုများကိုလည်း ယခုကြေငြာသည့်နေ့မှစ၍ တစ်လအတွင်း ပြည်နှင်ဒဏ်ပေးအပ်လိုက်လေတော့သည် ''

ESTÁS LEYENDO
" The Rainbow of Gay's Law " ( Completed )
Fantasía21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...