" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈အခန်း ( ၂၉ )
( ၅ ) နှစ်ခန့်ကြာသော်အခါ
ရာသီတွေအလီလီ ပြောင်းခဲ့လေပြီး ရက်မှလသို့၊ လမှနှစ်သို့ချီကာ ဥတုတွေပြောင်းလို့ ဖြစ်ပျက်ခဲ့သမျှအရာရာတို့သည် ငါးနှစ်တာဆိုသော အတိတ်ကာလမှာ ကျန်ရှိခဲ့ပါပြီး။ စစ်မင်းဟုန်တစ်ယောက်သည်လည်း နန်းချခံရကာ ပြည်သူတစ်ယောက်ဖြစ်ခဲ့လေတော့သည်။ မြတ်မင်းနှင့် ဖြူနုသွေးတို့သည်လည်း လူငယ်သဘာဝမေတ္တာမျှကာ လက်ထပ်လိုက်ကြပါပြီး။ ထို့နည်းတူစွာ ဖြူနုသွေးရဲ့အိပ်မက်အတိုင်းပင် နွေမိုးစက်က ပန်းရောင်ခြယ်အား ကျောင်းဝင်းကြီးထဲမှာပင် လက်ထပ်ခွင့်တောင်း၍ မင်းသားလေးရဲ့ ကြင်ယာဇနီးဖြစ်ကာ ရေဝတီဒေဝီမင်းသမီးဘွဲ့ခံယူသွားလေတော့သည်။ ကောင်းထက်နဲ့ အောင်သူရတို့သည် မိမိတို့၏အချစ်ရေးခံစားချက်ကို ကိုယ်တိုင်နားလည်သွားကြသလို လိင်တူချစ်သူတွေဖြစ်ခဲ့ကြလေတော့သည်။မိဘအသိုင်းအဝိုင်းကလည်း လက်ခံပေးကြတော့ သူတို့အတွက် အဆင်ပြေနေလေတော့သည်။
အေးချမ်းတစ်ယောက်ကတော့ အပူပင်တွေ ကင်းချင်တယ်ဟုဆိုကာ ချစ်သူရည်းစားမထားတော့ဘဲ စစ်မင်းဟုန်ရဲ့ ဘေးအနားမှာဘဲ နေနေတော့ကာ အားငယ်သူတွေအတွက်၊ အားနည်းနေတဲ့ LGBT လေးတွေအတွက် ပရဟိတလုပ်ငန်းတွေမှာ လုပ်နေကြလေတော့သည်။ ပရဟိတ အဖွဲ့နာမည်လေးကိုလည်း သက်တံ့ရောင်တွဲလက်များဟုပေးထါးပြီး အမြို့မြို့အနယ်နယ်မှာလည်း အဖွဲ့အစည်းတွေရှိနေပါလေပြီး။ အားလုံးကလည်း အဖွဲ့ရဲ့ခေါင်းဆောင် စစ်မင်းဟုန်လက်အောက်မှာသာ ရှိနေပြီး တကယ့်ကို လိုအပ်နေသော မိဘမဲ့ကလေးငယ်များ၊ သက်ကြီးဘိုးဘွားရိပ်သာများ၊ ဆွံ့အနားမကြားသောဆေးရုံ၊ မျက်မမြင်တွေအတွက်ရိပ်သာမှစလို့ LGBT လေးတွေအတွက် စေတနာအဖွဲ့စည်းလေးအဖြစ်ရပ်တည်ခဲ့လေတော့သည်။
စစ်မင်းဟုန်၏ရုံးချုပ်ကိုလည်း မိခင်ဘက်မှ အမွေရခဲ့သော ခြံဝင်းကြီးကိုပင် သူပြန်လှူ၍ ဌာနချုပ်အဖြစ် လုပ်ခဲ့လေတော့သည်။ မည်သည့်ဒေသက အခက်ခဲတွေမဆို သူကိုယ်တိုင်ကူညီပေးခဲ့ပြီး သူ့ရဲ့စေတနာတွေကိုလည်း တစ်ဖြည်းဖြည်းနှင့် လူအများက သိရှိနားလည်ကြာ လူငယ်တွေကလည်း အားတက်သရော ပူးပေါင်းပါဝင်ခဲ့လေတော့သည်။ ငွေအင်အားတက်နိုင်သူတွေကလည်း အားတက်သရော စေတနာများထားကာ မတည်ငွေတွေလှူပေးကြလေတော့သည်။ နေရာတိုင်းမှာ သက်တံ့ရောင်တွဲလက်များ logo နှင့် အဖွဲ့အစည်းလေးတွေရဲ့ ပုံရိပ်များထင်ဟက်လာလေတော့သည်။ စစ်မင်းဟုန်၏ စေတနာ၊ ကြိုးပမ်းမှုတွေကြောင့် နယ်အသီးသီးကလည်း ပူးပေါင်းပါဝင်ကြပြီး အဖွဲ့ဝင်လူတေဟောလည်း ရာကျော်မှ ထောင်ကျော်၊ ထောင်ကျော်မှ သောင်းကျော်အထိ ရှိလာလေတော့သည်။
YOU ARE READING
" The Rainbow of Gay's Law " ( Completed )
Fantasy21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...