" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈အခန်း ( ၂၁ )
" ဟေ့ မင်းကအခြောက်မို့လား သတ္တိမရှိဘူးလား ''
စစ်မင်းဟုန်တစ်ယောက် ဒီနေ့လည်း အတန်းပြီးလို့ အိမ်မပြန်သေးဘဲ စိတ်ပြေလက်ပျောက်ထွက်လာလေတော့သည်။ အခုလို လမ်းလေးလျှောက်လာရင်း တစ်နေရာအရောက်မှာ ခပ်ပိန်ပိန်လေး ကောင်လေးတစ်ယောက်ကို လူသုံးယောက်က ဝိုင်းစနောက်ကာ အနိုင်ကျင့်နေတာ သူတွေ့ရလေတော့သည်။ နားထဲမှာလည်း ကြားလိုက်ရသော စကားကြောင့် စစ်မင်းဟုန်တစ်ယောက် စိတ်ပျက်သွားလေသည်။ အခုခေတ်အနေအထားကြီးမှာ အခုလို ခွဲခြားနေသေးတာတွေကို သူအရမ်းမုန်းနေလေတော့သည်။ သူဘာမှမပြောဘဲ တိတ်တိတ်လေး မသိမသာ စောင့်ကြည့်နေလေတော့သည်။
" အခြောက်မလေး မင်းက ယောင်္ကျားလေးကြိုက်ရင်လည်း ငါတို့ရှိပါတယ် ရှက်မနေပါနဲ့ ''
" ခင်ဗျားတို့ ဘာစကားပြောတာလဲ ''
" ဟ တယ်လည်း စွာသကိုးကွာ ''
" ခင်ဗျားတို့ ကိုယ့်လမ်းကိုသွားပါဗျာ ''
" မေးချင်တာလေး ရှိလို့ပါ ''
" ဘာမေးမှာလဲ ''
" မင်းက ယောင်္ကျားလေးဖြစ်ပြီး ဘာလို့ မိန်းမမကြိုက်ဘဲ ယောင်္ကျားလေးဘဲ ကြိုက်နေတာလဲ အမေမွေးထားတာကို အားမနာဘူးလား ''
" ကျွန်တော်ဘာသာ ဘာကြိုက်ကြိုက် ခင်ဗျားအပူပါလို့လား ''
" ကောင်းကောင်းမေးနေတာလေကွာ ဒေါသဖြစ်ချင်နေတာလား ''
" ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ ''
" ညီမလေး အဲ့လေ ညီလေးကို ဖြည့်ဆည်းပေးရင်ကောင်းမလားလို့ ''
" ဘာတွေလာပြောနေတာလဲ ''
" ကိုယ်တို့သိပါတယ် မင်းတို့အခြောက်လေးတွေက သူငယ်လေးတွေဘဲ ကြိုက်တာကို ''
" ဟေ့ မင်းတို့ ဘာလို့ ဒီကောင်လေးကို ဝိုင်းအနိုင်ကျင့်နေတာလဲ '' မနေနိုင်တော့တဲ့အဆုံး စစ်မင်းဟုန်က ဝင်ပြောလေတော့သည်။
YOU ARE READING
" The Rainbow of Gay's Law " ( Completed )
Fantasy21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...