" The Rainbow of Gay's Law '' Part ( 11 )

47 6 1
                                    

" The Rainbow of Gay's Law ''
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

      🏁🏁   အခန်း ( ၁၁ ) 🏁🏁

       စစ်မင်းဟုန်တစ်ယောက် နန်းဆောင်တွင်းမှာ တစ်ယောက်တည်း နေနေမိလေသည်။ အိပ်မပျော်တာနဲ့ အဆောင်တော်ရဲ့ ပြင်ဘက်ကို ထွက်လာခဲ့လေတော့သည်။ နန်းဆောင်တွင်းရဲ့ ညချမ်းအလှက အေးမြလှပနေပေသည်။ ညမွှေးပန်းရနံ့လေးနှင့် အေးချမ်းသော လေပြည်လေးတွေက စစ်မင်းဟုန်ကို လန်းဆန်းစေပါသည်။ နန်းဆောင်အတွင်းမှာ နေလာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း တတိယကြိမ်မြောက် တစ်ယောက်တည်း နန်းဆောင်ကြီးကို ညဘက်ထွက်လာခြင်းပါ။ အမြဲတမ်းလိုလို အစောင့်ရှောက်တွေနဲ့ သွားလာနေရတာ တစ်ခါတစ်လေတော့လည်း တစ်ယောက်တည်း နေရတာ သွားရတာကိုက စိတ်ပေါ့ပါးစရာ ဖြစ်နေတာပါ။

         နန်းဆောင်ရဲ့ မင်းသားပန်းခြံဟာ တော်တော်လေးကို လှပပါသည်။ ပန်းပေါင်းစုံနှင့်ပြည့်စုံလှသလို ညချမ်းမှာ လဝန်းလေးကပါ ဖြည့်စွက်ထားပေးတော့ သူ့အတွက် လှပသော ကဗျာတစ်ပုဒ်အလားတောင် ထင်ရပေသည်။ သို့သော် ညဆိုတာ အပူတွေအေးပြီး အေးချမ်းသလို အမှောင်လောကရဲ့ စိုးမိုးအချိန်ဆိုတာလည်း ဟုတ်နေပြန်ပေသည်။ ညဆိုတာ မကောင်းတာတွေကို လုပ်ဆောင်ဖို့လည်းညအခွင့်အရေးရှိသလို ကြံစည်ဖို့လည်း လွယ်ကူကြတယ်လေ။

        စစ်မင်းဟုန်လည်း တစ်ယောက်တည်း လျှောက်သွားနေရင်း ပန်းခြံတွင်းရဲ့ အသုံးပြုခြင်းမရှိတဲ့ အဆောင်အနားတစ်ခုကို ရောက်လာလေတော့သည်။ တီးတိုးပြောနေသော အသံတစ်ခုကို ကြားရ၍ သူဖြည်းဖြည်းချင်း ခြေသံတိတ်စွာဖြင့် ကပ်သွားလေတော့သည်။ ဟုတ်တယ်လေ အခုလို ညကြီးမိုးချုပ် ဘယ်သူတွေကများ အခုလိုလာရောက်တွေ့ဆုံနေတာလဲပေါ့။ ပြီးတော့လည်း သူရဲ့ကိုယ်ပိုင်အဆောင်ထဲက ကိုယ်ပိုင်ပန်းခြံက အသုံးမပြုသော အဆောင်မှာ သံသယဝင်စရာတွေချည်းဘဲလေ။

         သူအနားရောက်သွားတော့ အခန်းတစ်ခန်းဆီကနေ မီးလေး မှုန်မှုန်လေးထွန်းထားတာ သူတွေ့နေရသည်။ ပုံစံကတော့ ဖယောင်းတိုင်သေးသေးလေးကို ထွန်းညှိ့ထားဟန်နဲ့ တူလှသည်။ သူလည်း ထိုအခန်းရဲ့အနားသို့ ဖြည်းညင်းစွာ တိုးကပ်သွား၍ အပေါက်သေးသေးလေးကနေ အခန်းထဲသို့ ချောင်းကြည့်လိုက်လေတော့သည်။

" The Rainbow of Gay's Law " ( Completed )Where stories live. Discover now