" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🌈🌈 အပိုင်း ( ၅ ) 🌈🌈
ကြွေရွက်ဝါ ခေါ် သီရိမာလာနှင့် ပန်းရောင်ခြယ်တို့သည် အတန်းတစ်ချိန်ပြီးလို့ နောက်တစ်ချိန်ဝင်မယ့် ဆရာမကို စောင့်ဆိုင်းရင်း စကားလေးပြောနေကြသည်။ အခုချိန်ဆို ကြွေရွက်ဝါသည်လည်း အတန်းမှ သူငယ်ချင်းများနှင့် အတော်လေး ရင်းနှီးနေပါပြီး။ စကားလေးတွေပြောကြ မသိတာလေးတွေမေးကြနှင့် အဆင်ပြေလှပါသည်။ အရင်လိုလည်း အတန်းကြီးက မခြောက်ကပ်နေတော့ပေ။ သူမလာသည်အချိန်နဲ့ ပြန်သည့်အချိန်တွေသာ အရိုသေပြုပေးကြလေတော့သည်။ ဖြစ်နိုင်လျှင် သူမက အဲ့လိုတွေတောင် မလုပ်စေချင် သို့သော် တော်ဝင်ထုံးထမ်း ဥပဒေတွေက ရှိနေသေးလေသည်။
" ကြွေရွက်ဝါ နင်တို့ရဲ့အဆောင်တော်မှာ ဘယ်လိုတွေစားရလဲ ဥပမာ မနက်စာ၊ နေ့လည်စာတွေပေါ့ ''
" အဆောင်တော်မှာ စားသောက်ဖို့က စာဖိုမှူးတွေရှိတယ် ဘယ်နေ့မှာ ဘာတွေချက်ရမလဲ ဆိုတာ စည်းကမ်းထိန်းသိမ်းဆောင်က တစ်လစာ စာရင်းတွေကို ပို့ပေးထားတယ် မနက်စာဆို နံနက် ခြောက်နာရီမှာ စားဖို့ သတ်မှတ်ထားတယ် ကျောင်းမရှိတဲ့အချိန်တွေဆို နေ့လည်စာကို ဆယ့်တစ်နာရီမှာ သတ်မှတ်ထားတယ် ''
" ကျောင်းရှိရင်ရော ''
" ကျောင်းချိန်နဲ့ ပက်သက်ပြီး ပြောင်းသွားတာပေါ့ ''
" ညနေစာကိုတော့ ညနေငါးနာရီမှာ သတ်မှတ်ထားတယ် ညနေခြောက်နာရီ ကျော်ရင် တော်ဝင်မင်းသမီးတွေက အဆောင်ပြင်ထွက်ခွင့်မရှိတော့ဘူး ''
" သြော်အဲ့လိုတွေလား ''
" တစ်ခါတစ်ရံ ပွဲတက်တွေရှိရင်တော့ ထုံးစံအတိုင်း ဥပဒေပေါင်းများစွာနှင့် ထွက်ရတယ်ပေါ့ မင်းသမီးတွေရဲ့ အကြီးဆုံးခေါင်းဆောင်ကတော့ တစ်ခါပြောပြဖူးတဲ့ သူတော်စင်မင်းသမီးဘဲပေါ့ ''
" အင်း ''
မင်းသမီးလေး ကြွေရွက်ဝါလည်း တော်ဝင်မိသားစုတွေရဲ့ အကြောင်းကို သူငယ်ချင်းဖြစ်သူ ပန်းရောင်ခြယ်၊ ဖြူနုသွေး၊ မောင်အေးချမ်းနှင့် အောင်သူရတို့ကိုပြောပြနေလေသည်။ ထိုအချိန်တွင် မင်းသမီးရဲ့ အပါးတော်မြဲ ခင်ဘုဏ်းက အခန်းရဲ့ အပြင်ကနေ အတန်းထဲသို့ ခပ်သုတ်သုတ်ပြေးလာလေတော့သည်။
YOU ARE READING
" The Rainbow of Gay's Law " ( Completed )
Fantasy21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...