" The Rainbow of Gay's Law '' Part ( 4 )

86 12 1
                                    

" The Rainbow of Gay's Law ''
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈
               👑👑   အခန်း ( ၄ ) 👑👑

       စစ်မင်းဟုန်တစ်ယောက် ဘာလိုလိုနဲ့ ကျောင်းတော်ကြီးမှာ ကျောင်းတက်တာဟာ အခုဆိုလျှင် တစ်လတိတိရှိပါပြီး။အခန်းထဲက လူတော်တော်များများကို သူသိနေပါပြီး သို့သော်လည်း ထိုသူတွေနဲ့ အခုချိန်ထိ စကားတစ်ခွန်းမပြောဖြစ်သေးပေ။ အချိန်တန်လျှင် ကျောင်းကိုလာ၊ စားချိန်ဆိုလျှင်လည်း အဆောင်တော်ကို တန်းပြန် အားလုံးဟာ အစီအစဥ်တစ်ကျ စီစဥ်ထားပြီးမို့ အချိန်တွေဟာ သူ့အတွက် အပိုအလိုမရှိသလောက်ပါဘဲ။

        ဒီနေ့တော့ ညနေပိုင်းမှာ သူအရမ်းမွန်းကြပ်နေမိလေသည်။ စာသင်ချိန်ကလည်း ညနေပိုင်းမရှိတာမို့ အဆောင်တော်လည်း မပြန်ချင်သေးတာလည်း ပါတာမို့ ကျောင်းကြီးရဲ့ ပန်းခြံထဲကို သူလျှောက်လာမိလေတော့သည်။ ကျောင်းကြီးရဲ့ ပန်းခြံက တော်တော်လေး ကျယ်ဝန်းပါသည် ပန်းပေါင်းစုံတွေလည်း စိုက်ပျိုးထားသလို အရိပ်ရသစ်ပင်လေးတွေလည်း အတော်များများရှိပါသည်။ ပန်းခြံရဲ့ ပန်းတွေရဲ့ သင်းရနံ့တွေက သူ့ကိုအမောပြေ လန်းဆန်းစေသလို တိုက်ခတ်လာသော လေပြေလေးတွေကလည်း သူ့ကိုစိတ်အေးချမ်းစေပါသည်။

         သဘာဝတရားရဲ့ အလှအပကို လွတ်လပ်စွာ သူခံစားခွင့်ရဖို့ဆိုတာဟာ အဆောင်တော်မှာတော့ မဖြစ်နိုင်ပါပေ။ ထို့အတွက်ကြောင့်လည်း သူတစ်ယောက်တည်း လျှောက်လာကြည့်နေလေတော့သည်။ ထိုအချိန်တွင်

" ဒုတ်.. '' တစ်စုံတစ်ဦးက သူ့အားတိုက်မိသွားလေတော့သည်။

" ဟင်... မင်းသားလေး ''

ဝသုန်ဦးတစ်ယောက် မျက်နှာပျက်သွားလေတော့သည်။ ဟုတ်ပါသည် ဝသုန်ဦးတစ်ယောက် သူငယ်ချင်းတွေကို ပန်းခြံမှာ တွေ့ဖို့ ချိန်းဆိုထားရာ နောက်ကျနေလို့ အမြန်ပြေးလာတာပါ။ ပန်းခြံလေးရဲ့ လမ်းကွေ့လေးမှာ သတိမထားမိဘဲ တိုက်မိလိုက်တဲ့သူက တကယ့်အကြီးကြီးဖြစ်နေတာဘဲလေ။

" မင်းသားလေး ကျွန်တော်တောင်းပန်ပါတယ် တကယ့်ကို မရည်ရွယ်ပါဘူး ''

" The Rainbow of Gay's Law " ( Completed )Where stories live. Discover now