" The Rainbow of Gay's Law " Part ( 16 )

44 6 1
                                    

" The Rainbow of Gay's Law ''

         အခန်း ( ၁၆ )

       စစ်မင်းဟုန်တစ်ယောက် ဝသုန်ဦးအား ညဘက်ပန်းခြံထဲမှာ လေညင်းခံရန် ခေါ်သွားလေတော့သည်။ ကျယ်မားသော ခြံဝင်းကြီးထဲမှာ အရိပ်ရအပင်တွေရော ပန်းပင်တွေရော မျိုးစုံစိုက်ထားသောကြောင့်လည်း ပန်းသင်းရနံံ့လေးတွေနှင့် ညလေပြေတို့က သူတို့နှစ်ယောက်အား စိတ်အမောတွေကို ပြေပျောက်စေပါသည်။

  " ကဲဘယ်လိုလဲ ဝသုန်ဦး ပန်းခြံလေးမှာ ညဘက်နေရတဲ့ အရသာက ဘယ်လိုလဲ ''

" အင်း မဆိုးဘူးကောင်းသားဘဲ ''

" ကိုယ်ကတော့ ညဘက်ပန်းခြံထဲနေရတာ ကြိုက်တယ် နေ့ဘက်ဆိုရင်တောင် ပူနေဦးမှာ ညဘက်ကျတော့ ကိုယ့်အတွက်အရမ်းကဗျာဆန်သလိုဘဲ ညလေညင်းရယ် ညမွှေးပန်းရနံ့လေးတွေက အရမ်းစွဲမက်ဖို့ကောင်းတယ် သိလား''

" ငါကတော့ ညဘက်တစ်ခါမှမနေဖူးတော့ တော်တော်လေးတော့ကြိုက်တယ် ''

" အင်း ကြိုက်ရင်နောက်ဆို ခဏခဏလာလေ ''

" ဟာ ငါကအဖြစ်သဘောပြောတာပါ  မင်းနေရာက အဲ့လောက်မလွတ်လပ်ပါဘူး ''

" ငါရှိပါတယ်ဟ ''

" အင်းပါ ဒါနဲ့ ငါအပေါ့သွားချင်တယ် ဒီနားအိမ်သာရှိလား ''

" ရှေ့နားလေး ညာဘက်ကွေ့မှာ ''

" အေး ခဏလေးနော် အပေါ့သွားဦးမယ် ''

" အင်း ''

       ဝသုန်ဦးတစ်ယောက် စစ်မင်းဟုန်ကို ပြောဆိုပြီး အိမ်သာဘက်ကို ထွက်ခဲ့လေတော့သည်။ အိမ်သာရောက်တော့ အပေါ့ပါးသွားကာ ခြေလက်ဆေးပြီး ပြန်အထွက် အနောက်ကနေ မိမိအား ရိုက်ချလိုက်သောကြောင့် လဲကျသွားလေတော့သည်။

" ဒုတ်..အား ''

         အသံလေးသာ ထွက်သွားပြီး ဝသုန်ဦးရဲ့ကမ္ဘာ တိတ်ဆိတ်သွားလေတော့သည်။ စစ်မင်းဟုန်တစ်ယောက် ဝသုန်ဦးကို မျှော်နေလေတော့သည်။ ကြာသင့်အချိန်ထက်ကြာနေလို့ စိတ်ပူပြီး အိမ်သာသို့ လိုက်ခဲ့လေတော့သည်။ သို့သော် ဝသုန်ဦးကိုမတွေ့ရပေ။ စစ်မင်းဟုန်တစ်ယောက် အရမ်းစိတ်ပူသွားလေတော့သည်။ သူသိလိုက်လေပြီး ဝသုန်ဦးတစ်ယောက် အန္တရာယ်ကျရောက်နေပြီးဆိုတာ။ ချက်ခြင်းကြီး ဒီခြံကနေ ပျောက်သွားဖို့ဆိုတာမလွယ်ကူပေ ဒါဆိုဘယ်ရောက်သွားတာလဲ ဟုတ်ပြီး သူချက်ချင်းသတိရသွားလေတော့သည်။

" The Rainbow of Gay's Law " ( Completed )Donde viven las historias. Descúbrelo ahora