" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈အခန်း ( ၂၂ )
စစ်မင်းဟုန်တစ်ယောက် နိုင်ငံတကာ မင်းညီမင်းသား ပါတီသို့ တက်ရောက်လာလေတော့သည်။ ဒီပါတီလေးသည် တစ်နှစ်မှာ တစ်ခါလုပ်လေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း ကမ်ဘာပေါ်ရှိ နန်းတွင်းမိသားစုများနှင့် တော်ဝင်မိသားစုများရှိ တော်ဝင်မင်းညီမင်းသားများက တက်ရောက်ကြလေတော့သည်။ တစ်နှစ်လျှင် တစ်နှစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး နိုင်ငံအချင်းချင်း ရင်းနှီးမှုတွေတိုးပွားစေကာ လုပ်ငန်းဆောင်တာများ ပူးပေါင်းဆောင်ရွင်ခြင်း၊ ယဉ်ကျေးမှုအနုပညာများ ဖလှယ်ခြင်း၊ တော်ဝင်မိသားစုတွေရဲ့ စည်းမျဉ်းဥပဒေများ ဆွေးနွေးတင်ပြခြင်းများနှင့်အတူ ညစာပါတီကိုလည်း ကျင်းပလေတော့သည်။
အခုလည်း စစ်မင်းဟုန်တစ်ယောက် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်လာပြီး အခုတော်ဝင်ညီလာခံကို တက်ရောက်ပြီး ညစာပါတီကို ရောက်ရှိနေခြင်းပါ။.တေယ်ဝင်မိသားစုရှိသော နိုင်ငံအသီးသီးက တက်ရောက်လာကြသော မင်းညီမင်းသားများ အတော်လေးကိုများကြပြီး ကြီးကျယ်သော ခမ်းနားသော တော်ဝင်နန်းဆန်သော ညပါတီလို့ပြောလျှင်လည်း မမှားနိုင်ပေ။ မင်းသား တစ်ပါးဝင်လာတိုင်း သူနာမည်နှင့် သူဘွဲ့ သူတိုင်းပြည်ကိုကြေငြာပေးလေတော့သည်။ အခုလည်း အားလုံးနီးပါးကြေငြာပြီးအချိန်မှာတော့ မင်းသားတစ်ပါးဝင်ရောက်လာလေတော့သည်။
" အခုရောက်ရှိလာတာကတော့ မင်းသား နန္ဒကျော်စွာ ဘဲဖြစ်ပါတယ် ''
ပွဲစီစဉ်သူ၏ ဖတ်ကြားလိုက်သော စကားကြောင့် စစ်မင်းဟုန်တစ်ယောက် အံ့အားသင့်သွားလေတော့သည်။ ဟုတ်ပါတယ် နန္ဒကျော်စွာသည် တော်ဝင်မိသားစုရဲ့ မြောက်နန်းစံမိဖုရား၏ သားတော်ဖြစ်ပေသည်။ နိုင်ငံခြားမှာ ပညာသင်နေသော မင်းသားတစ်ပါးပါ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမဟုတ်သော်လည်း တော်ဝင်မင်းသားတစ်ပါးပါပေ။ သို့သော်လည်း အခုညီလာခံကို တက်ရောက်မယ်ဟု ကြိုတင်အကြောင်းလည်း မကြားထားသလို တော်ဝင်မိသားစုကိုလည်း အသိမပေးထားသေးပေ။ နောက်တစ်ခုက ဘန်ကောက်ကို ဘာကြောင့်များရောက်နေတာလဲ ပြီးတော့ ဒီပွဲကို တက်ရောက်ဖို့ ဘယ်သူကများ စေလွတ်ခဲ့တာလဲ။ ဘာသဘောတွေကြောင့်လဲ မသိပေမယ် နန္ဒကျော်စွာသည်လည်း သူနဲ့ဆို အဖေတူ အမေကွဲ ညီအစ်ကိုလည်း ဖြစ်သလို မင်းသားတစ်ပါးလည်း ဖြစ်ပေသည်။ မတွေ့တာလည်း ငါးနှစ်တာ ကာလရှိနေခဲ့လေပြီး။
ESTÁS LEYENDO
" The Rainbow of Gay's Law " ( Completed )
Fantasía21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...