" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈အခန်း ( ၁၈ )
ဝသုန်ဦးတစ်ယောက် အိမ်မှာပျင်းပျင်းရှိနေတာနဲ့ အပြင်သို့ထွက်လာခဲ့လေတော့သည်။ သူရဲ့အတွေးလေးတွေမှာလည်း မင်းသားလေးခေါ် စစ်မင်းဟုန်ကို သတိရလေနေတော့သည်။
" သူဘာများလုပ်နေမလဲ ဒီအချိန် '' စိတ်ထဲကနေပြောနေလေမိတော့သည်။ စိတ်ထဲမှာလည်း သတိရလာလေတော့သည် သို့သော်လည်း သတိရပေမဲ့ ပြေးတွေ့ရအောင်လည်း သူတို့က ဘာမှမဟုတ်ကြသလို တွေ့ချင်တိုင်းလည်း တွေ့လိုရတာမဟုတ်ဘူးလေ သူကမင်းသားတစ်ပါးလေ။ ထိုအချိန်တွင် သူ၏လက်ကိုင်ဖုန်းကလေးမှ အသံမြည်လာလေတော့သည်။
" တီ..တီ..တီ ''
သူကြည့်လိုက်တော့ ဖုန်းနံပါတ်က နံပါတ်စိမ်းဖြစ်နေလေတော့သည်။
" ဘယ်သူများလဲ ငါ့ဖုန်းနံပါတ်ကိုဆက်နေတာ ''
ဝသုန်ဦးတစ်ယောက် ဖုန်းနံပါတ်ကြည့်ပြီး ပြန်ချလိုက်လေတော့သည်။ မသိသော ဖုန်းတွေကို ဝသုန်ဦးတစ်ယောက် တော်ရုံမကိုင်တက်ပေ။ သို့သော်လည်း ဖုန်းက အဆက်မပြတ်ကိုခေါ်နေလေတော့သည်။ ဝသုန်ဦးတစ်ယောက် စိတ်မရှည်စွာနဲ့ ထိုဖုန်းလေးကို ကောက်ကိုင်လိုက်လေတော့သည်။
" ဟယ်လို ဘယ်သူနဲ့ပြောချင်လို့လဲ ခင်ဗျ''
" မင်းဆီကိုခေါ်တာလေ မင်းနဲ့ပြောဖို့ပေါ့ကွ ကိုယ်က ဘယ်သူနဲ့ပြောရမှာလဲ ''
" ဟင် မင်းသားလေး '' ဟုတ်ပါတယ် စစ်မင်းဟုန်က ဝသုန်ဦးအား ဖုန်းခေါ်လာခြင်းပါ။
" ဘယ်လိုခေါ်လိုက်တာလဲ ''
" ဟိုလေ စစ်မင်းဟုန် ''
" အင်း ''
" ဖုန်းနံပါတ်က ဘယ်ကရတာလဲ ''
" ဒါကလွယ်ပါတယ်ကွာ ဒါနဲ့ဖုန်းက ဘာလို့မကိုင်တာလဲ ခေါ်တာကြာနေပြီးလေ ''
" စစ်မင်းဟုန်ခေါ်မှန်း ကျွန်တော်ကမသိဘူးလေ ပြီးတော့ မသိတဲ့ဖုန်းဆို တော်ရုံမကိုင်တက်ဘူး ''
" ဟုတ်ပါပြီး အခုရောသိပြီးမဟုတ်လား ''
" ဟုတ်သိပါပြီးဗျ ဒါနဲ့ဘာပြောစရာရှိလို့လဲ စစ်မင်းဟုန် ''
YOU ARE READING
" The Rainbow of Gay's Law " ( Completed )
Fantasy21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...