" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈အခန်း ( ၂၄ )
ညစာစားကြပြီးနောက် စစ်မင်းဟုန်တစ်ယောက် ဝသုန်ဦးနားသို့ ရောက်လာလေတော့သည်။
" ဝသုန်ဦး ''
" ဘာလဲ ''
" ဖြေပုံကလဲကွာ ''
" မဟုတ်လို့လား မင်းလုပ်တဲ့ပုံက ငါဘယ်လောက်အနေရခက်လဲ သိလား ''
" သိပါတယ်ကွာ ဒါပေမဲ့ မင်းကိုအခုချိန်မှ မပြောရင် ငါမင်းကိုလက်လွတ်ရတော့မှာလေကွာ ''
" ဘယ်သူက လက်လွတ်ခိုင်းနေလို့လဲ ''
" ဘာဘဲ ဖြစ်ဖြစ်အခုမင်းကို ကိုယ့်ချစ်သူအဖြစ် ရနေပြီးလေ အခုလိုဖွင့်ပြောတာကလည်း မင်းကိုပျော်အောင်ဖို့ပါ ''
" မတွေးထားဘူးလား နောက်နောင်ဖြစ်လာမဲ့ကိစ္စကို ''
" တွေးတာပေါ့ တွေးတာမှ အများကြီး ''
" ကြုံဆုံရမှာတွေကို မင်းရင်ဆိုင်ရဲလို့လား လက်ခံနိုင်လို့လား ''
" အကုန်လုံး ရင်ဆိုင်နိုင်တယ် လက်ခံနိုင်တယ် မင်းလည်း ကိုယ့်ဘက်မှာ ရှိနေပေးမှာ မဟုတ်လား ဘယ်လိုဘဲ ဖြစ်ဖြစ် ''
" ငါက မင်းကိုလက်ခံပြီးသားဘဲလေ ငါ့အတွက်ကြောင့်နဲ့ မင်းကို အဆင်မပြေ မဖြစ်စေချင်ဘူး ''
" ကိုယ့်ဘက်မှာရှိတယ် ကိုယ်နားမှာ ရှိနေတယ်ဆို ကိုယ်ကျေနပ်ပြီး အခြားဘာမှမလိုဘူး ''
" မင်းဟာလေ ခက်တယ်နော် ''
" မခက်ပါဘူး တစ်နေ့မင်းသားမဟုတ်တော့ရင် ကိုယ့်ကို ချစ်ဦးမှာလား ''
" ချစ်မှာပေါ့ မင်းက မင်းသားမဟုတ်တော့ရင် ပိုတောင်ကြိုက်သေးတာ ထုံးထမ်းအစဥ်လာတွေနဲ့ မင်းကိုမွန်းကြပ်နေလို့တောင် ငါက သနားနေတာ ဒါပေမဲ့ ငါဆိုတဲ့ ခေါင်းစဥ်အောက်မှာတော့ မင်းကိုမကျဆုံးစေချင်ဘူး ''
" မဆိုင်ပါဘူး မင်းကငါ့အတွက်တော့ အမြဲတမ်း အားဆေးတစ်ခွက်ပါ ကျန်တာငါဘာမှမမက်ဘူး မင်းသာငါ့ကို မထားခဲ့ရင်ရပြီးလေ ''

BINABASA MO ANG
" The Rainbow of Gay's Law " ( Completed )
Fantasy21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...