'' The Rainbow of Gay's Law '' Part ( 20 )

36 5 1
                                    

" The Rainbow of Gay's Law ''
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈
         အပိုင်း ( ၂၀ )

         နောက်နေ့ကျောင်းတက်ရက်လေးကို ပြန်ရောက်လာလေတော့သည်။ ကျောင်းသကျောင်းသူတွေရဲ့ မျက်လုံးတွေက ဝသုန်ဦးဆီမှာရောက်လာလေတော့သည်။ အချို့ကောင်မလေးတွေက ဝသုန်ဦးအား ဓာတ်ပုံပါလာရောက်​တောင်းရိုက်လေတော့သည်။

" အစ်ကို ညီမတို့ အစ်ကိုနဲ့ ဓာတ်ပုံလေး တစ်ပုံလောက်ပေးရိုက်ပါလား ''

" အစ်ကို့ကို ''

" ဟုတ်တယ်လေ ''

" ဟား အစ်ကိုက မင်းသားမှမဟုတ်တာ မော်ဒယ်လည်း မဟုတ်ဘဲနဲ့ ''

" ဒါပေမဲ့ cute boy and girl ရဲ့ ဆယ်လီဖြစ်နေပြီးလေ မနေ့က အစ်ကို ဘယ်သူနဲ့ ဒိတ်လုပ်ခဲ့တာလဲဟင် သူ့အကြောင်းရော ပြောပြပေးလို့ရမလား သူလည်း အရမ်းချောတာဘဲ ''

" ဟင် ညီမတို့ မှားနေကြပြီး ''

" မမှားပါဘူး အစ်ကိုရဲ့ အစ်ကိုအကောင့်ဖွင့်ကြည့်ပါဦး လုပ်ပါအစ်ကိုရယ် အပုံလေး တစ်ပုံပါဘဲ ''

       ပြောလို့ရမှာမဟုတ်မှန်း သိနေတော့လည်း ဝသုန်ဦးတစ်ယောက် ဓာတ်ပုံရိုက်ခွင့်ပြုလိုက်လေတော့သည်။

" အင်းပါ ရိုက်ရိုက် ''

" မနေ့က ဘယ်တွေသွားခဲ့တာလဲ ''

" ဒါကတော့ ပြောမရဘူး ''

" ညီမတို့က အစ်ကို့ရဲ့ Fun တွေပါ ''

" ဟုတ်ကျေးဇူးပါ ဒါပေမဲ့ ကိုယ်ရေးကိ်တာလေနော် ''

" ဟုတ်ကဲ့ပါ ဒါပေမဲ့ ညီမတို့ကတော့ ရအောင်စုံစမ်းမှာပါ''

" ဟုတ်ပါပြီးဗျာ ''

        ထို့နောက် ဝသုန်ဦးလည်း ထိုနေရာလေးမှ အမြန်ဆုံးပြေးထွက်လာလေတော့သည်။ သူငယ်ချင်းတွေရှိရာနေရာသို့ အမြန်ပြေးလာလေတော့သည်။ ရောက်သွားတဲ့အခါကျတော့ လူစုံတက်စုံနဲ့ ဝသုန်ဦးအားစောင့်စားနေကြလေတော့သည်။ ပန်းရောင်ခြယ်တို့အုပ်စုရော မြတ်မင်းနှင့် ကောင်းထက်တို့ပါ ရောက်နေကြလေပြီး။

" ကဲလာပါပြီး ရွှေမင်းသားလေး '' ဖြူနုသွေးကပြောလေတော့သည်။

" The Rainbow of Gay's Law " ( Completed )Where stories live. Discover now