" The Rainbow of Gay's Law " Part ( 30 ) Final Part

341 10 2
                                    

" The Rainbow of Gay's Law ''

            အခန်း ( ၃၀ )
            ဇာတ်သိမ်းပိုင်း

        စစ်မင်းဟုန်တစ်ယောက် ပရဟိတသမားတစ်ယောက်အဖြစ် လုံးလုံးခံယူကာ အားနည်းတဲ့သူတွေဘက်က ရပ်တည်ခဲ့လေတော့သည်။ ဝသုန်ဦးနှင့်လည်း အတူတူပြန်ဆုံဆည်းရ၍ အများအကျိုးကို နှစ်ယောက်သား သယ်ပိုးလေကြတော့သည်။ LGBT လောကရဲ့ စံပြအတွဲလေးဖြစ် အများက သတ်မှတ်လေတော့သည်။ သူတို့နှစ်ဦးရဲ့ ကြိုးစားမှုတွေကြောင့် LGBT နယ်ပယ်လေး ကျယ်ပြန့်လာသလို အများပြည်သူတွေကလည်း လက်ခံနားလည်ခဲ့ကြပေ တော့သည်။

" စစ်မင်းဟုန် ''

" ပြောလေ ဝသုန်ဦး ''

" အခုဆိုရင်မင်းကြိုးစားမှုတွေကြောင့် LGBT နယ်ပယ်လေးဟာ ကျယ်ဝန်းလာလေပြီး တော်တော်များများလည်း လက်ခံလာသလို နေရာဒေသတော်တော်များများမှာလည်း ဖွဲ့စည်းတည်ထောင်နေကြပြီးနော် ''

" ဒါတွေဟာ စေတနာရဲ့အကျိုးတရားတွေပေါ့ ငါတစ်ယောက်တည်း တော်လို့မဟုတ်ပါဘူး အားလုံးရဲ့ ကြိုးစားစိတ်နဲ့ပေါ့ ''

" ကြိုးစားခြင်းရဲ့ အကျိုးရလာဘ်တွေပေါ့ ''

" မင်းလည်း ငါ့အတွက်ကြောင့်နှင့် နိုင်ငံရပ်ခြားမှာ ဒုက္ခတွေရောက်ခဲ့သေးတာဘဲ ငါကပြည်တွင်းမှာဆိုတော့ အများကြီး ခံသာသေးတယ်လေ ''

" ဒါပေမဲ့ မင်းကမွန်မြတ်တဲ့ လုပ်ရပ်တွေ လုပ်နေတာလေ ''

       နှစ်ယောက်သား ရှေးဟောင်းနောက်ဖြစ်လေးတွေပြောနေကြစဥ်...

" မင်းသားလေး...  မင်းသားလေ... '' အေးချမ်းတစ်ယောက် ရေးကြီးသုတ်ပျာနှင့် ပြေးလာလေတာ့သည်။

" ဘာဖြစ်လို့လဲ အေးချမ်း ''

" မြတ်မင်းနှင့် ဖြူနုသွေး ကားအက်ဆီးဒင့်ဖြစ်ပြီး နေရာမှာပင် ဆုံးသွားကြပြီး ''

" ဘာ ဘုရားဘုရား ''

" ဘာ မြတ်မင်းဆုံးပြီး ဟုတ်လား အေးချမ်း ''

" ဟုတ်တယ် ကိုဝသုန်ဦး ''

" ဒါဆို နေပါဦး ကလေးရောကလေး ''

You've reached the end of published parts.

⏰ Last updated: May 14, 2021 ⏰

Add this story to your Library to get notified about new parts!

" The Rainbow of Gay's Law " ( Completed )Where stories live. Discover now