" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈အခန်း ( ၂၃ )
ဝသုန်ဦးတစ်ယောက် ကန်တင်းမှာ တစ်ယောက်တည်း ထိုင်နေမိလေတော့သည်။ အတွေးလေးတွေကတော့ ဘာရယ်မဟုတ် ဟိုကြည့်ဒီကြည့်နဲ့ အေးအေးဆေးဆေး နေလေတော့သည်။ ထိုစဥ် သူ့နဲ့ မလှမ်းမကမ်းနားသို့ ကောင်မလေးတစ်ယောက် ဖြတ်လျှောက်သွားလေတော့သည်။ ဘေးသိုင်းကြိုးလွယ်အိတ်လေးနဲ့ အေးအေးဆေးဆေး လျှောက်သွားပုံက ဘာကိုမှ ဂရုမစိုက်တဲ့ပုံလေးပါ။ သို့ပေမဲ့ သူမရဲ့ အိတ်ဇစ်လေးက ပွင့်နေတာကိုတော့ သူမ သတိမထားမိဟန် တူလေတော့သည်။ ထိုစဥ်သူမ၏ ဘေးနားလေးသို့ လူငယ်လေးတစ်ယောက်လည်း မသိမသာ ကပ်ကပ်လာရင်း သူမ၏ အိတ်လေးထဲမှ တစ်စုံတစ်ခုကို နှိုက်ရင်း ပြေးထွက်လာလေတော့သည်။ အချိန်ကလည်း လူရှင်းချိန်မို့ ဒီကောင်လေးလည်း လှုပ်ရှားဖို့ အခွင့်အရေးရလေတော့သည်။
" လုပ်ကြပါဦး ကျွန်မ ပိုက်ဆံတွေ လုသွားလို့ ''
ထိုကောင်မလေးမှာ အလန့်တကြားနဲ့ အော်လေတော့သည် ။ ထိုလူငယ်မှာလည်း ဝသုန်ဦးရှိရာဘက်သို့ ဘက်မှားပြီးပင် ပြေးမိလေသလား ထင်ရသည်။ ဝသုန်ဦးလည်း ထိုပြေးလာသော လူငယ်လေးရဲ့ ခြေထောက်ကို လှမ်းပြီးခံလိုက်လေတော့ ထိုလူငယ်မှာ ပြုတ်ကျသွားလေတော့သည်။ ဝသုန်ဦးလည်း ထိုလူငယ်အား ဖမ်းကိုင်ပြီး ယူထားသော ငွေအချို့ကို ဖမ်းယူလိုက်လေတော့သည်။ ထိုကောင်မလေးမှာလည်း အမြန်ပြေးလာလေတော့သည်။
" ကျေးဇူးပါ အစ်ကိုရယ် အခုလိုကူညီပေး တာ''
" ရပါတယ် ''
" မင်းကဘာလို့ အခုလိုလုပ်တာလဲ ''
" ကျွန်တော့်မှာ တကယ်အဆင်မပြေလို့ပါ ''
" အဆင်မပြေလည်း မိန်းကလေးတစ်ယောက်ဆီကနေ အခုလိုမလုပ်သင့်ဘူးလေ ''
" ကျွန်တော်နားလည်ပါတယ်အစ်ကို ဒါပေမဲ့ ဘယ်လိုမှ အဆင်မပြေတော့လို့ပါ ''
" ကဲ ညီမလေး ညီမလေးပိုက်ဆံလည်းရပြီး တော်လိုက်တော့နော် ညီမလည်း ညီမအပြစ်ဘဲ အိတ်ပွင့်နေတာတောင် မသိဘူးလား ''

BINABASA MO ANG
" The Rainbow of Gay's Law " ( Completed )
Fantasy21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...